Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုများအား ကြေညာချက်ထုတ် ရှုတ်ချယုံဖြင့် ဟန့်တားနိုင်မည်မဟုတ်ဟု နိုင်ငံတကာအား ပအိုဝ်းကောင်စီ PNFC သတိပေး

PNFC၏ ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ် အနန့်ပါဒေသ၊ ပအိုဝ်းဒေသ နမ့်နိမ်ရွာအပါအဝင် ချင်း၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း ပြည်သူများကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များကို မီးမောင်းထိုးဖော်ပြသည်။

(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှ တိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှ တိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓာတ်ပုံ-CJ)

▪️စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များ တားဆီးနိုင်ရေး၊အရေးယူနိုင်ရေးလက်တွေ့ကျစွာဆောင်ရွက် ပေးရန် ပန်ကြား

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူများအပေါ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုများအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များ ဆက်လက်ထုတ်ပြန်နေရုံဖြင့် ဟန့်တားနိုင်မည်မဟုတ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းသို့ သတိပေး ပြောကြားလိုကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ခဲ့၍ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၁၁၆ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့မှုနှင့်ပတ်သက်ပြီး PNFCက ယခုကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်းအား သတိပေး လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေးပြဿနာကို ချဉ်းကပ်ရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အမြင်မတူ ချဉ်းကပ်ပုံမတူကြသည်ကို နားလည်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အမြင်မတူ ချဉ်းကပ်ပုံမတူကြသည့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ခေတ်သစ်ဖက်ဆစ်အသွင်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဟန့်တားရမည်ဆိုသော ဘုံတူညီသည့် သဘောထား တစ်ရပ် ရှိကြမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံရေးပြဿနာ တစုံလုံးဆိုင်ရာကိစ္စကို ဖြေရှင်းရေးအတွက် အလုံးစုံစုစည်းမှုမရမီတွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အရေးကြီးဦးစားပေး ကိစ္စရပ်တစ်ခုအဖြစ် မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို တားဆီးနိုင်ရေးနှင့် အပြစ်ပေးအရေးယူနိုင်ရေး နိုင်ငံတကာ ဘုံစုစည်းမှုတစ်ရပ် ကို စုစည်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ပေးရန် တိုက်တွန်းပန်ကြားကြောင်း PNFCက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

PNFC၏ ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ် အနန့်ပါဒေသ၊ ပအိုဝ်းဒေသ နမ့်နိမ်ရွာအပါအဝင် ချင်း၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း ပြည်သူများကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များကို မီးမောင်းထိုးဖော်ပြသည်။

ယခု ကန့်ဘလူ ပဇီကြီးရွာ၌၌ ကလေးသူငယ်များ အပါအဝင် ပြည်သူပေါင်းများစွာကို ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်မှုများသည် အကြမ်းဖက် စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများတွင် နောက်ဆုံးလုပ်ရပ်များ ဖြစ်မည်မဟုတ်ကြောင်း ၊ မကြာမီကာလများ၌လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် ထပ်မံ၍ ဆက်တိုက်ကျူးလွန်နေဦးမည်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို လေးနက်စွာ အသိပေးအပ်ကြောင်း PNFCက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။