Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူအတွက် လက်တုံ့ပြန်သည့်အနေဖြင့် မတ္တရာမြို့တွင် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီက ပြုလုပ်မည့် သွေးစွန်းသင်္ကြန်တွင် ပါဝင်ဆင်နွှဲခြင်း လုံးဝမပြုလုပ်ကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား ဖြိုခွင်းရန်ရောက်လာသော စစ်ကောင်စီလက်ပါးစေများအား ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား ဖြိုခွင်းရန်ရောက်လာသော စစ်ကောင်စီလက်ပါးစေများအား ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

▪️စစ်ကောင်စီတပ်သား ၅ဦးထက်မနည်းထိခိုက်သေဆုံးနိုင်ကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ပြော

မန္တလေးတိုင်း၊ မတ္တရာမြို့တွင် ကင်းပတ်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၂ ရက်) ည၉ နာရီခန့်က မတ္တရာမြို့အဝင် ရုပ်တုအနီးရှိ ပြည်ခိုင်ဖြိုးပါတီရုံးရှေ့လှည့်ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းအကြီးစားဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

Public Service Announcement
Public Service Announcement

ယင်းစစ်ဆင်ရေးကို မတ္တရာမြို့နယ်အခြေစိုက်တပ်ဖွဲ့ဝင်များနှင့် တောကြီးမြွေပွေးပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ကျဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များအတွက် သွေးကြွေးပြန်ယူသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

“ကန့်ဘလူအတွက် ပြန်လုပ်တာပါ။ မြို့ထဲထိ ဝင်လုပ်ရတာ။”ဟု ဗိုလ်တီက ပြောသည်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီက ပြုလုပ်မည့် သွေးစွန်းသင်္ကြန်တွင် ပါဝင်ဆင်နွှဲခြင်း လုံးဝမပြုလုပ်ကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။