Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူအတွက် လက်တုံ့ပြန်သည့်အနေဖြင့် မတ္တရာမြို့တွင် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်

မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီက ပြုလုပ်မည့် သွေးစွန်းသင်္ကြန်တွင် ပါဝင်ဆင်နွှဲခြင်း လုံးဝမပြုလုပ်ကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား ဖြိုခွင်းရန်ရောက်လာသော စစ်ကောင်စီလက်ပါးစေများအား ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြသူများအား ဖြိုခွင်းရန်ရောက်လာသော စစ်ကောင်စီလက်ပါးစေများအား ရန်ကုန်မြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - PS)

▪️စစ်ကောင်စီတပ်သား ၅ဦးထက်မနည်းထိခိုက်သေဆုံးနိုင်ကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ပြော

မန္တလေးတိုင်း၊ မတ္တရာမြို့တွင် ကင်းပတ်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

ယမန်နေ့ (ဧပြီ ၁၂ ရက်) ည၉ နာရီခန့်က မတ္တရာမြို့အဝင် ရုပ်တုအနီးရှိ ပြည်ခိုင်ဖြိုးပါတီရုံးရှေ့လှည့်ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းအကြီးစားဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

Public Service Announcement
Public Service Announcement

ယင်းစစ်ဆင်ရေးကို မတ္တရာမြို့နယ်အခြေစိုက်တပ်ဖွဲ့ဝင်များနှင့် တောကြီးမြွေပွေးပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ကျဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူများ၊ ကလေးသူငယ်များအတွက် သွေးကြွေးပြန်ယူသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

“ကန့်ဘလူအတွက် ပြန်လုပ်တာပါ။ မြို့ထဲထိ ဝင်လုပ်ရတာ။”ဟု ဗိုလ်တီက ပြောသည်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီက ပြုလုပ်မည့် သွေးစွန်းသင်္ကြန်တွင် ပါဝင်ဆင်နွှဲခြင်း လုံးဝမပြုလုပ်ကြရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။