Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာဖြစ်စဉ် NUG ကာကွယ်ရေးဝန်ကြီး ရှင်းလင်း

NUG အစိုးရရဲ့စာရင်းအရ မနေ့က ဧပြီလ ၁၃ ရက်အထိ သေဆုံးသူ ၁၆၈ ဦးရှိပြီး အသက် ၁၃ နှစ်အောက်ကလေး ၂၅ ဦး ၊အသက်အရွယ်ခွဲခြားမရတဲ့ ကလေးငယ် ၁၀ဦး တို့ပါဝင်တယ်လို့သိရပါတယ်။

ပဇီကြီးရွာဖြစ်စဉ် NUG ကာကွယ်ရေးဝန်ကြီး ရှင်းလင်း
ပဇီကြီးရွာဖြစ်စဉ် NUG ကာကွယ်ရေးဝန်ကြီး ရှင်းလင်း

ပဇီကြီးရွာ ဖြစ်စဉ်ဟာ လျှို့ဝှက်အစည်းအဝေးကျင်းပတာမဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်ပြီးစီးလို့ ဧည်ခံကျွေးမွေးတဲ့ပွဲသာဖြစ်တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးက ရှင်းလင်းပြောဆိုလိုက်ပါတယ်။

ရွာထဲမှာ ခေတ်အဆက်ဆက်ရှိခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မြေကွက်လပ်ရှိတဲ့ ရွာစွန့်ရွှေ့ဆောက်ပြီး အညာဓလေ့ ၊ ရွာဓလေ့အတိုင်း ရွာနီးချုပ်စပ်တွေကိုပါ ဖိတ်ပြီး ဧည့်ခံကျွေးမွေးကြတယ်လို့ ကာကွယ်ရေးဝန်ကြီးက မနေ့က PDF ရဲဘော်တွေကို ရေဒီယိုမိန့်ခွန်းပြောရာမှာ ပဇီကြီးရွာဖြစ်စဉ်ကို ထည့်သွင်း အသိပေးတာပါ။

” ဒါဟာ လျှို့ဝှက်အစည်းအဝေး တခုမဟုတ်ဘူး။ ရပ်သိရွာသိ လူသိရှင်ကြားပြုလုပ်တဲ့ အစီအစဉ်တခုသာ ဖြစ်တယ်” လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အဲဒီပွဲကို ကလေးငယ်တွေ ၊သက်ကြီးရွယ်အိုတွေအပြင် အမျိုးသမီးတွေလည်း လာရောက်ကြတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပဇီကြီးရွာဟာ စစ်အာဏာသိမ်းမှုလက်မခံဘဲ တိုက်ဖျက်တာကြောင့် အဲဒီရွာနဲ့ပတ်ဝန်းကျင်ဒေသတွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မရှိဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

ဒါပြင် စစ်ကောင်စီရဲ့ လုံခြုံရေးအထိုင်စခန်းမရှိတဲ့အပြင် စစ်ကြောင်းတွေလည်းမဝင်နိုင်တာကြာပြီလို့ သိရပါတယ်။

“စစ်ရေးပစ်မှတ် မဟုတ်ဘူးဆိုတာ သိသိနဲ့ စစ်တပ်အုပ်စိုးမှုကို လက်မခံတဲ့ ရွာတရွာအပေါ် အညှိးတကြီးနဲ့ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့တာပဲ ဖြစ်တယ်” လို့ ဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။

ပဇီကြီးရွာဖြစ်စဉ်ဟာ နွေဦးတော်လှန်ရေး ကာလတလျောက် အသေအပျောက်အများဆုံးနဲ့ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံးဖြစ်တယ်လို့ ဝန်ကြီး ဦးရည်မွန်က PDF ရဲဘော်တွေကို အသိပေးပါတယ်။

NUG အစိုးရရဲ့စာရင်းအရ မနေ့က ဧပြီလ ၁၃ ရက်အထိ သေဆုံးသူ ၁၆၈ ဦးရှိပြီး အသက် ၁၃ နှစ်အောက်ကလေး ၂၅ ဦး ၊အသက်အရွယ်ခွဲခြားမရတဲ့ ကလေးငယ် ၁၀ဦး တို့ပါဝင်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။