Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်ရဲ့ သင်္ကြန်အကြတ်နေ့

ရန်ကုန်မြို့မှာရှိတဲ့ မဏ္ဍပ်တစ်ချို့ကို သင်္ကြန်မတိုင်မီက ဖောက်ခွဲတိုက်ခိုက်မှုတွေရှိပေမယ့် သင်္ကြန်ကာလမှာတော့ သတင်းမကြားရသေးပါဘူး။

ရန်ကုန်ရဲ့ သင်္ကြန်အကြတ်နေ့
ရန်ကုန်ရဲ့ သင်္ကြန်အကြတ်နေ့

သင်္ကြန်အကြတ်နေ့မှာ ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ ရှင်းလင်းနေသော်လည်း မဏ္ဍပ်ကြီး‌တွေမှာတော့ ရေကစားသူအချို့ကို တွေ့ရရပါတယ်။

မဏ္ဍပ်အသေးတွေမှာတော့ ရေကစားသူတချို့ကိုသာ‌တွေ့ရပြီး ပြည်သူ့ရင်ပြင်နဲ့မြို့တော်ခန်းမရှေ့ကမဏ္ဍပ်တွေမှာတော့ ရေကစားသူတွေကို‌တွေ့ရပါတယ်။

ပြည်သူ့ရင်ပြင်ရဲ့ ဝင်ပေါက်မှာ စစ်ဆေးရေးတင်းတင်းကျပ်ကျပ်လုပ်ဆောင်တာကြောင့် တန်းစီဝင်နေရတာကို မြင်ခဲ့ရပါတယ်။

မြို့တော်ခန်းမရှေ့မှာလည်း ဝင်ဖို့သတ်မှတ်ထားတဲ့ဘက်မှာ စစ်ဆေးရေးများပြီး တန်းစီဝင်နေရတာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ကားတွေလည်း ပါဝင်တာကြောင့် ဝင်မယ့်အပေါက်မှာ ပိတ်နေပြီး ပန်းဆိုးတန်းလမ်းပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှု‌ဖြစ်ခဲ့ပါတယ်။

Public Service Announcement
Public Service Announcement

တခြားနေရာတွေမှာတော့ မဏ္ဍပ်တွေရှိပေမယ့် စည်စည်ကားကားမတွေ့ရသလို ဆိုင်တော်တော်များများလည်း ပိတ်ထားတာကြောင့် ပုံမှန်လူစည်လေ့ရှိတဲ့ လှည်းတန်းတောင် ခြောက်ကပ်ကပ်ဖြစ်နေပါတယ်။

တချို့ရပ်ကွက်တွေမှာတော့ ကလေးတွေ ရေပက်ကစားနေတာတွေလည်းရှိပါတယ်။

အာဏာသိမ်းဖြစ်စဉ်မတိုင်မီသင်္ကြန်တွေနဲ့ယှဉ်ရင်တော့ လူအနည်းငယ်သာ စစ်ကောင်စီသင်္ကြန်မှာပါဝင်တယ်‌ဆိုရမှာပါ။

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးရှို့ လူသတ် အကြမ်းဖက်မှုတွေပြုလုပ်နေပေမယ့် မြို့ကြီးတွေမှာတော့ သင်္ကြန်ကိုစည်ကားအောင်နည်းမျိုးစုံနဲ့ ကြိုးစားနေတာပါ။

ဝန်ထမ်းတွေကိုလည်း သင်္ကြန်မဏ္ဍပ်တွေကို မဖြစ်မ နေလာရောက်ရေကစားဖို့ စာထုတ်ထားတယ်လို့လည်းသိရပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ ပြည်သူတွေကို စစ်ကောင်စီသင်္ကြန်မှာ မပါဝင်ကြဖို့ တောင်းဆိုထားပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မဏ္ဍပ်တစ်ချို့ကို သင်္ကြန်မတိုင်မီက ဖောက်ခွဲတိုက်ခိုက်မှုတွေရှိပေမယ့် သင်္ကြန်ကာလမှာတော့ သတင်းမကြားရသေးပါဘူး။

ပြည်သူအများစုကတော့ ယခင်နှစ်တွေအတိုင်း တော်လှန်သင်္ကြန်မှာ ပါဝင်နေကြဆဲပါ။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။