Connect with us

Hi, what are you looking for?

သတင်း

အကျဉ်းသား ၃,၀၀၀ ကျော် စစ်ကောင်စီလွှတ်ပေးမယ်

စစ်ကောင်စီ လွှတ်ပေးမယ့် အကျဉ်းသား ၃,၀၀၀ ကျော်ထဲမှာ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံ ရေးအကျဉ်းသူ ၊အကျဉ်းသား ဘယ်လောက်ပါဝင်မလဲဆိုတာ မသိရသေးပါဘူး။

အင်းစိန်ထောင်ရှေ့ မြင်ကွင်း(ပုံဟောင်း)
အင်းစိန်ထောင်ရှေ့ မြင်ကွင်း(ပုံဟောင်း)

ဒီနေ့မှာကျရောက်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတဝှမ်းအကျဉ်းထောင်တွေက အကျဉ်းသူ ၊အကျဉ်းသား ၃,၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

လွှတ်ပေးမယ့်သူတွေဟာ နောက်တစ်ကြိမ် ပြစ်မှုကျုးလွန်ရင် ကြွေးကျန်ပြစ်ဒဏ်ပါ ထပ်ပေါင်းကျခံရမယ့်ခံဝန်နဲ့စစ်ကောင်စီက လွှတ်ပေးမှာပါ ။

စစ်ကောင်စီ လွှတ်ပေးမယ့် အကျဉ်းသား ၃,၀၀၀ ကျော်ထဲမှာ နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ငံ ရေးအကျဉ်းသူ ၊အကျဉ်းသား ဘယ်လောက်ပါဝင်မလဲဆိုတာ မသိရသေးပါဘူး။

အင်းစိန်ထောင်အကျဉ်းဦးစီးအသိုင်းအဝိုင်း က သတင်းရင်းမြစ်တစ်ဦးရဲ့ပြောပြချက်အရအင်းစိန်ထောင်က လွတ်မြောက်မယ့်အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသားပါဝင်မှု မရှိသလောက်ဖြစ်မယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှာ လည်း အကျဉ်းသား ၁,၅၀၀ ကျော် လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ခဲ့ပါဘူး။

လက်ရှိနိုင်ငံတဝှမ်းအကျဉ်းထောင်တွေထဲမှာ ဆက်လက် ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ၁၇,၄၆၀ ဦးရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။