Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်အကျဉ်းထောင်မှ ထွက်လာသော တရားသူကြီးနှင့် ဥပဒေအရာရှိပါယာဉ် ပစ်ခတ်ခံရ၊ နှစ်ဦး ဒဏ်ရာရဟုဆို

ယနေ့(သြဂုတ် ၃၀ ရက်)နေ့လည် ၁၂ နာရီခွဲခန့်က အင်းစိန်စျေးနှင့် လဟာပြင်စျေးကြား၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

(အင်းစိန်အကျဉ်းထောင်ရှေ့အား တွေ့ရစဉ်၊ ဓာတ်ပုံ CJ)
(အင်းစိန်အကျဉ်းထောင်ရှေ့အား တွေ့ရစဉ်၊ ဓာတ်ပုံ CJ)

အင်းစိန်အကျဉ်းထောင်အထူးတရားရုံးမှ ထွက်လာသော တရားသူကြီးနှင့် ဥပဒေအရာရှိများပါရှိသည့် ယာဉ် သေနတ်ဖြင့်ပစ်ခံရပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ် ၃၀ ရက်)နေ့လည် ၁၂ နာရီခွဲခန့်က အင်းစိန်စျေးနှင့် လဟာပြင်စျေးကြား၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“ပစ်တဲ့အချိန်တုန်းက ဘယ်သူ့ကားမှန်းမသိဘူး။ နောက်မှ သိရတာ အင်းစိန်ထောက်အထူးတရား ရုံးကတဲ့။မြို့နယ်ဥပဒေအရာရှိဆိုတဲ့သူ ထိသွား တယ်။ပြီးတော့ နောက် ကားပေါ်ကတစ်ယောက် လည်း ထိတယ်ကြားတယ်”ဟု အင်းစိန်စျေးအနီးနေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

သို့သော် ယခုဖြစ်စဥ်တွင် ပြည်သူတစ်ဦးကျည်ထိ မှန်ခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝါဒဖြန့်သတင်းများက ဖော်ပြလျက်ရှိသည်။

လက်ရှိတွင် စစ်အာဏာရှင် စစ်ဆန့်ကျင်သူများကို စစ်ကောင်စီအဖွဲ့က မတရားဖမ်းဆီးပြီး အင်းစ်န်အကျဉ်းထောင်အတွင်း၌ ရုံးထုတ်စစ်ဆေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။