Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးနယ်သို့ စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ရ

သင်္ကြန်ကာလအတွင်းကမူ ရေဦးမြို့ပေါ်၌ စစ်ကောင်စီ၏ ဟန်ပြသင်္ကြန်ပြုလုပ်နေ၍ စစ်ကြောင်းထိုးခြင်းမရှိဘဲ သင်္ကြန်ပြီးပြီးချင်း စစ်ကြောင်းပြန်ထိုးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား တွေ့ရစဉ်။ ဓာတ်ပုံ- CJ)
(ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား တွေ့ရစဉ်။ ဓာတ်ပုံ- CJ)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်သို့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းထိုးလာ၍ ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဧပြီ ၁၈ ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်မှ အင်အား ၉၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ် အတွင်းသို့ စစ်​ကြောင်းထိုး ဝင်ရောက်လာကြောင်း၊ အဆိုပါ စစ်ကြောင်းကြောင့် ခင်ဦးနယ်ရှိ အင်းပတ်၊ ရွာသစ်၊ ချမ်းသာကုန်း၊ အင်တိုင်းလေးတောင်ရွာနှင့် မြောက်ရွာ၊ သရက်ပင်စု၊ မြင်းဒေါင်းနှင့် မကျီးအုပ်ရွာများမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“လက်တလောဘယ်ရွာတွေမှတော့ မဝင်သေးဘူး။ ရွာသစ်ကုန်း ပျူရွာထဲဝင်သွားပြီ။ ရွာသစ်ကုန်းပျူရွာနဲ့နီးတဲ့ ကျေးရွာတွေက ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်။ လက်နက်ကြီး တစ်ကမ်းမလွတ်တာရယ်။ အင်အားများတာရယ်ကြောင့် ဒေသခံတွေကစိုးရိမ်ပြီး ထွက်ပြေးနေရတယ်”ဟု ဒေသတွင်း ကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

သင်္ကြန်ကာလအတွင်းကမူ ရေဦးမြို့ပေါ်၌ စစ်ကောင်စီ၏ ဟန်ပြသင်္ကြန်ပြုလုပ်နေ၍ စစ်ကြောင်းထိုးခြင်းမရှိဘဲ သင်္ကြန်ပြီးပြီးချင်း စစ်ကြောင်းပြန်ထိုးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook