Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နယ်တွင် ကလေးငယ်နှင့်မသန်စွမ်းအပါအဝင် အရပ်သား ၃၀၀ကျော်ကို လူသားတံတိုင်းအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ဟု ဒေသခံပြော

တံတားညီနောင်သည် စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)u မကြာခဏတိုက်ခိုက်နေသည့်နေရာဖြစ်ပြီး ယနေ့နံနက်တွင်လည်း စစ်ရေးတင်းမာနေသည်ဟု အထက်ပါ ထောက်ပို့ရဲဘော်က ပြောသည်။

(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်က လူသားတံတိုင်းအဖြစ် ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်က လူသားတံတိုင်းအဖြစ် ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းဘရာကျေးရွာမှ ကလေးငယ်များ၊သက်ကြီးရွယ်အိုများ နှင့် မသန်စွမ်းအချို့အပါအဝင် အရပ်သား ၃၀၀ကျော်ကို လူသားတံတိုင်းအဖြစ် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်လာကာ ဖားကန့်မြို့ဘက်သို့ ထွက်ခွာလာနေကြောင်း ဒေသခံများက ပြောသည်။

မိုးကောင်း – ဖားကန့်လမ်းပိုင်းရှိ ဆိုင်းဘရာကျေးရွာမှ အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်လာသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့(ဧပြီ ၁၈ရက်) နံနက်တွင် နမ့်ယမ်းကျေးရွာ( ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ မရောက်ခင်ကျေးရွာ) အနီးသို့ ရောက်ရှိလာသည်ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ ရဲ‌ဘော်တစ်ဦးက ပြောသည်။

“ဆိုင်းဘရာရွာက မသန်းစွမ်းသူတွေရော ဘွားတော် ဘိုးတော်တွေရော အကုန်လုံးကို ဆွဲလာတာ။ ဒုက္ခပဲဗျာ။ အခု တံတားညီနောင်( နမ့်ယမ်းနှင့် လုံးခင်းကြား) ရောက်နေပြီ” ဟု ၎င်းကပြောသည်။

Public Service Announcement
Public Service Announcement

တံတားညီနောင်သည် စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)u မကြာခဏတိုက်ခိုက်နေသည့်နေရာဖြစ်ပြီး ယနေ့နံနက်တွင်လည်း စစ်ရေးတင်းမာနေသည်ဟု အထက်ပါ ထောက်ပို့ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ တိုက်ခိုက်ခံရမှာစိုးလို့ အရပ်သားတွေကို ဓားစာခံအနေနဲ့ ဖမ်းခေါ်လာတာ ။ ဒါက ယုတ်မာတာပါ။ တိုက်ပွဲဖြစ်နေပြီလို့လည်း ကြားတယ်”ဟု လုံးခင်းဒေသခံတစ်ဦးက ပြောသည်။

တံတားညီနောင်နေရာတွင် ယနေ့နံနက် တိုက်ပွဲဖြစ်နေပြီဟု People’s Springထံ ဖားကန့်ဒေသခံသုံးဦးက အတည်ပြုသည်။ အသေးစိတ်ကို အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

ယမန်နေ့ကလည်း ‌ဖားကန့်မြို့နယ် ဆည်ဆင်းကျေးရွာရှိ စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့(SNA) ပူးပေါင်းစခန်း သုံးခုကို KIA နှင့်PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီက ဖားကန့်ဒေသကို အင်အားတိုးမြှင့်နေခြင်းဟု ဒေသခံတော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။