Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်နယ်တွင် ကလေးငယ်နှင့်မသန်စွမ်းအပါအဝင် အရပ်သား ၃၀၀ကျော်ကို လူသားတံတိုင်းအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ဟု ဒေသခံပြော

တံတားညီနောင်သည် စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)u မကြာခဏတိုက်ခိုက်နေသည့်နေရာဖြစ်ပြီး ယနေ့နံနက်တွင်လည်း စစ်ရေးတင်းမာနေသည်ဟု အထက်ပါ ထောက်ပို့ရဲဘော်က ပြောသည်။

(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်က လူသားတံတိုင်းအဖြစ် ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
(ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ကသဲ(ရွှေပြည်အေး) ရွာတွင် ၂၀၂၁ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ်က လူသားတံတိုင်းအဖြစ် ဖမ်းသွားသည့် ရွာသား ၁၉ ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းဘရာကျေးရွာမှ ကလေးငယ်များ၊သက်ကြီးရွယ်အိုများ နှင့် မသန်စွမ်းအချို့အပါအဝင် အရပ်သား ၃၀၀ကျော်ကို လူသားတံတိုင်းအဖြစ် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်လာကာ ဖားကန့်မြို့ဘက်သို့ ထွက်ခွာလာနေကြောင်း ဒေသခံများက ပြောသည်။

မိုးကောင်း – ဖားကန့်လမ်းပိုင်းရှိ ဆိုင်းဘရာကျေးရွာမှ အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်လာသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့(ဧပြီ ၁၈ရက်) နံနက်တွင် နမ့်ယမ်းကျေးရွာ( ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ မရောက်ခင်ကျေးရွာ) အနီးသို့ ရောက်ရှိလာသည်ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ ရဲ‌ဘော်တစ်ဦးက ပြောသည်။

“ဆိုင်းဘရာရွာက မသန်းစွမ်းသူတွေရော ဘွားတော် ဘိုးတော်တွေရော အကုန်လုံးကို ဆွဲလာတာ။ ဒုက္ခပဲဗျာ။ အခု တံတားညီနောင်( နမ့်ယမ်းနှင့် လုံးခင်းကြား) ရောက်နေပြီ” ဟု ၎င်းကပြောသည်။

Public Service Announcement
Public Service Announcement

တံတားညီနောင်သည် စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)u မကြာခဏတိုက်ခိုက်နေသည့်နေရာဖြစ်ပြီး ယနေ့နံနက်တွင်လည်း စစ်ရေးတင်းမာနေသည်ဟု အထက်ပါ ထောက်ပို့ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့ တိုက်ခိုက်ခံရမှာစိုးလို့ အရပ်သားတွေကို ဓားစာခံအနေနဲ့ ဖမ်းခေါ်လာတာ ။ ဒါက ယုတ်မာတာပါ။ တိုက်ပွဲဖြစ်နေပြီလို့လည်း ကြားတယ်”ဟု လုံးခင်းဒေသခံတစ်ဦးက ပြောသည်။

တံတားညီနောင်နေရာတွင် ယနေ့နံနက် တိုက်ပွဲဖြစ်နေပြီဟု People’s Springထံ ဖားကန့်ဒေသခံသုံးဦးက အတည်ပြုသည်။ အသေးစိတ်ကို အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

ယမန်နေ့ကလည်း ‌ဖားကန့်မြို့နယ် ဆည်ဆင်းကျေးရွာရှိ စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့(SNA) ပူးပေါင်းစခန်း သုံးခုကို KIA နှင့်PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီက ဖားကန့်ဒေသကို အင်အားတိုးမြှင့်နေခြင်းဟု ဒေသခံတော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။