Connect with us

Hi, what are you looking for?

သတင်း

ကပစ(၂၂)သွယ်တန်းထားသော ဓာတ်အားလိုင်းလာပြင်သည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ကပစ(၂၂)၏ ဓာတ်အားလိုင်းကို ဧပြီ ၅ ရက်က ဖောက်ခွဲဖြိုချခဲ့ရာ မအောင်မြင်သဖြင့် ဧပြီ ၈ ရက်တွင် ဒုတိယအကြိမ် ထပ်မံဖောက်ခွဲခဲ့ရကြောင်း တပ်ရင်း (၁၉)က အသိပေးသည်။

(ဓာတ်အားလိုင်းလာပြင်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့စဥ်)
(ဓာတ်အားလိုင်းလာပြင်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့စဥ်)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ အမှတ်(၂၂ ) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းကိုဖြိုချခံရ၍ လာရောက်ပြုပြင်သည့် စစ်ကောင်စီတပ်သားများကို လက်နက်ကြီးအပါအဝင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၉) ဆိပ်ဖြူဘာမထီတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

ကပစ(၂၂)၏ ဓာတ်အားလိုင်းကို ဧပြီ ၅ ရက်က ဖောက်ခွဲဖြိုချခဲ့ရာ မအောင်မြင်သဖြင့် ဧပြီ ၈ ရက်တွင် ဒုတိယအကြိမ် ထပ်မံဖောက်ခွဲခဲ့ရကြောင်း တပ်ရင်း (၁၉)က အသိပေးသည်။

ထို့ကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းအား ဧပြီ ၁၀ရက်တွင် စစ်ကောင်စီတပ်မှ အင်အား ၁၅ ဦးခန့်ဖြင့် လာရောက်ပြုပြင်ရာ ပခုက္ကူခရိုင်တပ်ရင်း (၁၉)၊ တပ်ရင်း (၁၁)၊ တပ်ရင်း (၄)၊ ဂန့်ဂေါခရိုင် တပ်ရင်း (၅)၊ ဆိပ်ဖြူ(ပ.က.ဖ)နှင့် ဆိပ်ဖြူမြောက်ပိုင်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီးချခြင်း၊လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု ဆို သည်။

Public Service Announcement

“အဲဒီပွဲမှာ စခဘက်က ၂ ယောက်သေတယ်။ ၃ယောက်ဒဏ်ရာရရှိတယ်လို့ ကျွန်တော်တို့ဘက်က အတည်ပြုထားနိုင်ပါတယ်”ဟု ပခုက္ကူခရိုင် တပ်ရင်း(၁၉)မှ တပ်ခွဲမှူးတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ခုခံပစ်ခတ်မှုများရှိခဲ့သော်လည်း PDF ပူးပေါင်းတပ်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အ သိပေးသည်။

အထက်ပါ တိုက်ခိုက်မှုဖြစ်စဥ်အား သတင်းထုတ်ပြန်မှုနောက်ကျရခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၏စည်းမျဥ်းစည်းကမ်းများအရ ဖြစ်စဥ်အား စိစစ်လုပ်ဆောင်ခြင်းကြောင့်ဖြစ်ကြောင်း တိုက်ပွဲဝင်တပ်ရင်း တပ်ဖွဲ့များက တောင်းပန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။