Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့တွင် တပ်စွဲထားသောစစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်

ဧပြီ ၁၅ ရက် ညကလည်း SBTFနှင့် ဒေသတွင်းမဟာမိတ်များပူးပေါင်းကာ ယင်းမာပင်မြို့ပေါ်ရှိစုပေါင်းရုံးနှင့် ရဲစခန်းအား (၆၀)မမ ၊(၈၀)မမ ၊(၁၂၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

(မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများကို ၂၀၂၁ က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့တွင် စစ်တပ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြနေသော ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသော စစ်ကောင်စီတပ်သားများကို ၂၀၂၁ က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ဇေယျကွက်သစ်ရှိ စစ်ကောင်စီတပ်သားများကို လက်နက်ကြီးများဖြင့် ၁နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force – SBTFအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဧပြီ ၁၈ ရက်) နံနက် ၃ နာရီဝန်းကျင်က မုံရွာမြို့၊ မုံရွာ – ပုသိမ် – ယာကြီး လမ်းဆုံ၊အောင်ဇေယျရပ်ကွက်သစ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို တာဝေးပစ် (၆၀)မမ၊ (၈၀)မမ၊ (၁၂၀) မမတို့ဖြင့် အလုံးရေ ၃၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SBTF အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သားများက PDF ရဲဘော်များရှိရာဘက်သို့ ပစ်ခတ်တက်လာ၍ အင်အားမမျှသောကြောင့် ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ရဲဘော်တစ်ဦးမှာ (၈၀)မမ လက်နက်ကြီး ချို့ယွင်းမှုဖြစ်ပြီး အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေအား စုံစမ်းနေကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“အောင်ဇေယျကုန်းမှာက အင်အား ၅၀ကျော်ရှိမယ်။ သူတို့ဘက်က အပေါ်အဖွဲ့ကပထမအကြိမ်ပစ်ပြီး မကြာခင်မှာပဲအောက်အဖွဲ့က ရှေ့တိုးလာပြီးပစ်တာ။ ကျွန်တော်တို့ကအဖွဲ့အားလုံးမှ ဂမ်းအစစ် နှစ်လက်ပဲပါတာ။ ကျန်တာ လက်လုပ်နဲ့ လက်နက်ကြီးပဲဆိုတော့ လူအင်အား လက်နက်အင်အား မမျှတာကြောင့် နောက်ဆုတ်ခဲ့ရတယ်”ဟု SBTFအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အောင်ဇေယျကုန်းရှိ စစ်ကောင်စီတပ်သည် လက်နက်ကြီးများတပ်ဆင်ထားပြီး မကြာခဏ ရမ်းသမ်းပစ်ခတ်လေ့ရှိသည်ဟု ဒေသခံတို့က ပြောသည်။

ယင်းစစ်ဆင်ရေးကို ယင်းမာပင် – ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစုတပ်ဖွဲ့ဝင်များ​ဖြစ်သည့် Salingyi Border Task Force – SBTF (ပကဖ)၊ Eagle Defense Force-EDF၊ ယက္ခညီနောင် /GTF တပ်ခွဲ (၂)၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ Ar Lar Wa Ka အစရှိသည့် အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဧပြီ ၁၅ ရက် ညကလည်း SBTFနှင့် ဒေသတွင်းမဟာမိတ်များပူးပေါင်းကာ ယင်းမာပင်မြို့ပေါ်ရှိစုပေါင်းရုံးနှင့် ရဲစခန်းအား (၆၀)မမ ၊(၈၀)မမ ၊(၁၂၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။