Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာကို စစ်​ကောင်စီတပ်က​လေ​ကြောင်းမှထပ်မံဗုံးကျဲ

စစ်တပ်က ဧပြီ ၁၁ ရက်တိုက်ခိုက်ခံရပြီး​နောက်​ဒေသခံပြည်သူများမှာ ရွာမှထွက်​ပြေး၍ ​ဘေးလွတ်ရာထင်မည့်​နေရာများတွင် တိမ်း​ရှောင်​နေကြသည်။

(စစ်​ကောင်စီတပ်က ​​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြု​နေ​သော YAK-130 ။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီတပ်က ​​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိက အသုံးပြု​နေ​သော YAK-130 ။ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎ပြည်သူ ၁၇၀ခန့်​သေဆုံးခဲ့​သော​လေ​ကြောင်းတိုက်ခိုက်မှုအပြီး ၉ ရက်အကြာတွင်ထပ်မံဗုံးကျဲခြင်းဖြစိပြီး ၊ပြည်သူများထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမူမသိရ​သေး

ကန့်ဘလူမြို့နယ် ပဇီကြီးရွာကိုစစ်ကောင်စီတပ်က ယနေ့(ဧပြီ ၂၀) မွန်းလွဲ ၂နာရီ ၂၇မိနစ်တွင် ဂျက်ဖိုက်တာယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချပြီး သေနတ်ဖြင့်လည်းရွာကိုပတ်၍ပစ်ခတ်​သွားကြောင်း ​ဒေသခံများကပြောသည်။

“အရင်တခါကလိုဗုံးကြဲတာ။နှစ်ခါ ကြဲတာ။ဂျက်ဖိုက်တာက အမဲရောင်။ ဝေါကနဲ့ ဝေါကနဲ့နေတာပဲ” ဟု ‌စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကို မျက်မြင်တွေ့သူတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစ်စင်းသည် နေ့လယ် ၂နာရီ ၂၇မိနစ်မှစတင်၍ ဆယ်မိနစ်ခန့်အတွင်း သုံးကြိမ်ပတ်ပျံပြီး ဗုံးနှစ်လုံးကြဲချသလို ရော့ကက်ဖြင့်ပါပစ်သွားသည်ဟု စစ်ဘေးရှောင်နေရသူတစ်ဦးကပြောသည်။

” ဒုန်းဒုန်းဒုန်းနဲ့ ဆက်တိုက်ဆွဲတဲ့ ဟာကြီးနဲ့ ပစ်တာ။ ပြည်သူတွေက နေစရာမရှိတော့ဘူး။ နေက ပူတာတစ်မျိုး။ ပုန်းမနေချင်တော့ဘူးဗျာ” ဟု ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အရပ်သားထိခိုက်မှုရှိ၊မရှိ မသိရသေးသော်လည်း ပဇီကြီးရွာဘက်မှ မီးခိုးများထွက်နေပြီး နေအိမ်များ မီးလောင်နေ​ကြောင်းသတင်းရရှိသည်။

Public Service Announcement
Public Service Announcement

” ဒေသခံတွေ လွတ်ချင်လည်းလွတ်မယ်။ ကျွဲနွားတိရိစ္ဆာန်ကတော့ အကုန် ကုန်နိုင်တယ်။ ပတ်ပတ်လည် ဝိုက်ပစ်သွားတာ” ဟု စစ်ဘေးရှောင်နေသူတစ်ဦးကပြောသည်။

ပဇီကြီးရွာကို ယနေ့ နံနက်ကစ၍ စစ်ကောင်စီက မြေပြင်မှ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး ယခုအခါ လေကြောင်းမှ ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်။ မြေပြင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်းတွင် စစ်ဘေးရှောင်သက်ကြီးရွယ်အိုနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။

ယခုအခါ ပဇီကြီးရွာအပါအဝင် ကျေးရွာ ခုနှစ်ရွာမှ စစ်ဘေးရှောင်အရပ်သားများ ထပ်မံထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

ပဇီကြီးရွာကို စစ်ကောင်စီကဧပြီလ ၁၁ရက်တွင်လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၁၆၈ဦးထက်မနည်း သေဆုံးသွားခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေချိန်တွင် ပဇီကြီးရွာကို စစ်ကောင်စီက ထပ်မံ တိုက်ခိုက်ခြင်းဖြစ်သည်။

“ပဇီကြီးရွာကို စစ်ကြောင်းဝင်ရုံမက ဒီနေ့ ၂ နာရီလောက်မှာ ဗုံးထပ်ကျဲတယ်လို့ သိရပါတယ်။ သူတို့ကျူးလွန်ခဲ့တဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို သက်သေမကျန်အောင် ဖျောက်ဖျက်ချင်လို့ လုပ်တယ်လို့ ယူဆပါတယ်။ နောက်ပြီ ဒီဒေသတွေမှာ သူတို့ က လူတွေသတ်နေပြီး ပြည်သူ့အစိုးရက လူတွေအသက်ကို ကယ်တင်ဖို့ကြိုးစားနေတာ ၊ ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတာ၊ စစ်ဘေးရှောင်တွေကို ကူညီဖို့ ကြိုစားနေတဲ့ အမှန်တရားတွေကိုလဲ လက်မခံနိုင်တဲ့ သဘောရှိတယ်လို့ မြင်ပါတယ်”ဟုNUG အစိုးရ၊ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ​ပြောသည်။

ပဇီကြီးရွာသည့် ကန့်ဘလူမြို့နယ်အတွင်းရှိပြီးလူ​နေအိမ် ၂၃၃ လုံး ၊ ၂၀၁၉ စာရင်းအရ လူဦး​ရေ ၁၀၄၃ ဦးရှိသည်။ ​တောင်ယာလုပ်ငန်းအဓိကလုပ်ကိုင်​သော​ရွာဖြစ်သည်။ ၂၀၂၁ စစ်အုပ်စုအာဏာသိမ်းပြီး​နောက် စစ်အာဏာသိမ်းမှုကိုလက်မခံ​သောရွာဖြစ်ပြီး အမျိုးသားညီညွတ်​ရေးအစိုးရနှင့် ချိတ်ဆက်၍ ပြည်သူ့အုပ်ချုပ်​ရေးပုံစံဖြင့် ရပ်ရွာကိစ္စများကိုပြည်သူများကိုယ်တိုင် စီမံ​နေ​သောရွာဖြစ်သည်။

စစ်တပ်က ဧပြီ ၁၁ ရက်တိုက်ခိုက်ခံရပြီး​နောက်​ဒေသခံပြည်သူများမှာ ရွာမှထွက်​ပြေး၍ ​ဘေးလွတ်ရာထင်မည့်​နေရာများတွင် တိမ်း​ရှောင်​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။