Connect with us

Hi, what are you looking for?

သတင်း

SpaceXရဲ့ ဒုံးပျံအသစ် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်ချိန်မှာ ပေါက်ကွဲပျက်စီး

SpaceXဟာ နည်းပညာသစ် ဒုံးကျည်အင်ဂျင် လက်တွေ့ စမ်းသပ်မှုတွေကို အကြိမ်ကြိမ် အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပေမယ့် အခုတစ်ကြိမ်ကတော့ အင်ဂျင်နဲ့ ဒုံးကျည်ကိုယ်ထည် တွဲစပ်ပြီး ပထမဆုံးအကြိမ် လက်တွေ့ ပျံသန်းစေခဲ့တာလို့လည်း သိရပါတယ်။

SpaceXရဲ့ ဒုံးပျံအသစ် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်ချိန်မှာ ပေါက်ကွဲပျက်စီး
SpaceXရဲ့ ဒုံးပျံအသစ် ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ်ချိန်မှာ ပေါက်ကွဲပျက်စီး

တည်ဆောက်ခဲ့ဖူးသမျှ အကြီးဆုံး၊ စွမ်းအား အမြင့်ဆုံး ဒုံးပျံဖြစ်တဲ့ Starshipဟာ ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ် လွှတ်တင်မှုမှာ ပေါက်ကွဲသွားခဲ့ကြောင်း သိရပါတယ်။

နည်းပညာ လုပ်ငန်းရှင် သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်ထားတဲ့ SpaceX ကုမ္ပဏီဟာ အာကာသ ယာဉ်မှူးတွေကို လကမ္ဘာ၊ အင်္ဂါဂြိုဟ်အပြင် အဲဒီနယ်မြေတွေ အလွန်ထိ သယ်ဆောင် ပျံသန်းနိုင်ဖို့ ရည်ရွယ်ပြီး Starshipကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဧပြီ ၂၀ က ပထမဆုံးအကြိမ် စမ်းသပ် လွှတ်တင်မှုမှာတော့ ဧရာမ ဒုံးပျံကြီးဟာ အောင်အောင်မြင်မြင် ပျံတက်ခဲ့ပေမယ့် လေထုထဲမှာ ပေါက်ကွဲသွားခဲ့ပါတယ်။ အဲဒီ ဒုံးပျံကို တက္ကဆက်စ် ပြည်နယ်ထဲမှာ အရင်က SpaceXရဲ့ ပုဂ္ဂလိက အာကာသယာဉ်တွေ လွှတ်တင်ခဲ့ရာ ဘိုကာချီကာ အာကာသ စင်တာကနေ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

Starshipဟာ ဒုံးပျံ ပျံတက်သွားပြီး ၃ မိနစ် အကြာမှာ အောက်ခြေ အစိတ်အပိုင်းတွေကနေ ခွဲထွက်ရမှာ ဖြစ်ပေမယ့် မျှော်လင့်သလို ဖြစ်မလာဘဲ ပေါက်ကွဲသွားခဲ့တာလို့ SpaceXက ပြောပါတယ်။ Starshipဟာ လူ့သမိုင်းမှာ တည်ဆောက်ဖူးသမျှ စွမ်းအား အမြင့်ဆုံး ဒုံးပျံအဖြစ် သတ်မှတ် ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

စမ်းသပ်မှုက ရာနှုန်းပြည့် စိတ်ကျေနပ်စရာ မရှိခဲ့ဘူး ဆိုပေမယ့် အတိုင်းအတာ တစ်ခုထိ အောင်မြင်တယ်လို့ ယူဆနိုင်ကြောင်း SpaceXက ကြေညာပါတယ်။ SpaceXဟာ ပထမဆုံး စမ်းသပ်မှု ရလဒ်ကို အတွေ့အကြုံယူပြီး နောက်ထပ် အသစ်တည်ဆောက်မယ့် ဒုံးပျံကို မွမ်းမံ ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာပါ။ အခုစမ်းသပ် လွှတ်တင်လိုက်တဲ့ ဒုံးပျံမှာ လူလိုက်ပါခဲ့ခြင်း မရှိပါဘူး။

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)ဟာ ဒုံးပျံတွေကို ကိုယ်တိုင် တည်ဆောက်မယ့်အစား အာကာသယာဉ်မှူးတွေကို အာကာထဲ လွှတ်တင်ဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို ကန်ထရိုက် စာချုပ်တွေ ချုပ်ဆို တာဝန်ပေးဖို့ ရည်ရွယ်ထားပါတယ်။ နာဆာက Starshipကို ၂၀၂၅ ခုနှစ်မှာ အာကာသ ယာဉ်မှူးတွေ လဆီ သွားရောက်မယ့် Artemis III ခရီးစဉ်အတွက် လျာထား ရွေးချယ်ထားပါတယ်။

SpaceXဟာ နည်းပညာသစ် ဒုံးကျည်အင်ဂျင် လက်တွေ့ စမ်းသပ်မှုတွေကို အကြိမ်ကြိမ် အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ပြီး ဖြစ်ပေမယ့် အခုတစ်ကြိမ်ကတော့ အင်ဂျင်နဲ့ ဒုံးကျည်ကိုယ်ထည် တွဲစပ်ပြီး ပထမဆုံးအကြိမ် လက်တွေ့ ပျံသန်းစေခဲ့တာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာဒီနေ့ မနက်အစောပိုင်းကစပြီးတိုက်ပွဲပြင်းထန်ဖြစ်နေသလို စစ်တပ်ကမြို့ထဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံက ကုန်စုံဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့တာကြောင့် လူ ၂ ဒါဇင်နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ အာကာသ နည်းပညာ လုပ်ငန်းစုကြီး SpaceXဟာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေကြေး လက်ခံယူပြီး ရှယ်ယာတွေ ရောင်းချထားဖွယ်ရှိကြောင်း အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

SpaceXကုမ္ပဏီရဲ့ Starship အာကာသယာဉ် စမ်းသပ် လွှတ်တင်မှုမှာ ပေါက်ကွဲမှုဖြစ်ပြီး အပျက်အစီးတွေ ကျရောက်လာနိုင်တဲ့ အခြေအနေကြောင့် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်ထဲက လေဆိပ်တချို့မှာ ခရီးစဉ်တွေကို ယာယီ ဆိုင်းငံ့ထားစေခဲ့ရပါတယ်။