Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူရှိ ကပစ(၂၁)အား PDF ပူးပေါင်းတပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာ(အနည်းငယ်) ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် တပ်ရင်း (၁)က အသိပေးထားသည်။

(ကပစ (၂၁)အား သွားရောက်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား တွေ့ရစဥ်)
(ကပစ (၂၁)အား သွားရောက်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား တွေ့ရစဥ်)

▪️စက်ရုံပေါ်ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်ကာကွယ် ရေးပစ္စည်းထုပ်လုပ်ရေးစက်ရုံ ကပစ (၂၁)အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် PDF တပ်ရင်း (၁)PDF စလင်းက ပြောသည်။

ဧပြီ ၁၆ ရက် ညနေ ၃ နာရီမှ ၄ နာရီ ၁၀မိနစ်အထိ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံအား မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်းနှင့် ဒေသခံတပ်ရင်းများ ပူးပေါင်းကာ ရှော့တိုက်ဒုန်းများ၊ ရော့ကတ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်တိုက်ခိုက်ရာတွင် ရန်သူ့တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် အဆောက်အဦးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထုတ်လုပ်ရေးစက်ရုံပျက်စီးကာ ရန်သူ့တပ်သားများ ထိခိုက် သေဆုံးမှုရှိနိုင် မင်းဘူးခရိုင် တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

“(ကျရောက်ပေါက်ကွဲမှု)ပစ္စည်းထုတ်တဲ့စက်ရုံလို့ ပြောတယ်။ ထိခိုက်သေဆုံး ရှိနိုင်ပါတယ်”ဟု ၎င်းတော်လှန် ရေးရဲဘော်က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အထက်ပါ စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ (၂၁)အား တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး NUG အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်)၊ ကာကွယ်ရေးဝန်ကြီး ဌာနမှလည်း ယနေ့(ဧပြီ ၁၈)အတည်ပြုထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာ(အနည်းငယ်) ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် တပ်ရင်း (၁)က အသိပေးထားသည်။

ဧပြီ ၁၀ ရက်ကလည်း ဆိပ်ဖြူအခြေစိုက် ကပစ (၂၂)သို့ သွယ်တန်းထားသော ဓာတ်အားလိုင်းအား လာရောက်ပြုပြင်သည့် စစ်ကောင်စီတပ်သားများကို ပခုက္ကူခရိုင် PDF တပ်ရင်းများနှင့် ဒေသတော်လှန်ရေးအဖွဲ့များပူးပေါင်း တိုက်ခိုက်ခံရာ စစ်သားနှစ်ဦးသေဆုံး၍ သုံးဦးပြင်းထန်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

ထန်းတပင်မြို့စိုးတံတားသို့ အင်အားဖြည့်လာသည့် စစ်​ကြောင်းကိုလည်း PDFများတိုက်ခိုက်

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားသုံးဦးသေပြီးတစ်ဦးအရှင်ဖမ်းမိကာ လူသားဒိုင်းပြုလုပ်ခံရသည့် ပြည်သူ ၇ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကလူထုနွေဦးသို့ ပြောသည်။

သတင်း

ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာပြည်ဘက်ပြန်ပို့ခံရစဥ် အဓမ္မစစ်မှုထမ်းရသည့် လူငယ်နှစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ ဗျူဟာမှူးစောဒါးကိုက လူထုနွေဦးသို့ ပြောသည်။