Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူရှိ ကပစ(၂၁)အား PDF ပူးပေါင်းတပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာ(အနည်းငယ်) ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် တပ်ရင်း (၁)က အသိပေးထားသည်။

(ကပစ (၂၁)အား သွားရောက်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား တွေ့ရစဥ်)
(ကပစ (၂၁)အား သွားရောက်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား တွေ့ရစဥ်)

▪️စက်ရုံပေါ်ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်ကာကွယ် ရေးပစ္စည်းထုပ်လုပ်ရေးစက်ရုံ ကပစ (၂၁)အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် PDF တပ်ရင်း (၁)PDF စလင်းက ပြောသည်။

ဧပြီ ၁၆ ရက် ညနေ ၃ နာရီမှ ၄ နာရီ ၁၀မိနစ်အထိ ဆိပ်ဖြူမြို့နယ်၊ ကန်စွန်းမကျေးရွာအခြေစိုက် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံအား မင်းဘူးခရိုင် အမှတ် (၁)တပ်ရင်းနှင့် ဒေသခံတပ်ရင်းများ ပူးပေါင်းကာ ရှော့တိုက်ဒုန်းများ၊ ရော့ကတ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်တိုက်ခိုက်ရာတွင် ရန်သူ့တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် အဆောက်အဦးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထုတ်လုပ်ရေးစက်ရုံပျက်စီးကာ ရန်သူ့တပ်သားများ ထိခိုက် သေဆုံးမှုရှိနိုင် မင်းဘူးခရိုင် တပ်ရင်း (၁)မှ တော်လှန်ရေးရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

“(ကျရောက်ပေါက်ကွဲမှု)ပစ္စည်းထုတ်တဲ့စက်ရုံလို့ ပြောတယ်။ ထိခိုက်သေဆုံး ရှိနိုင်ပါတယ်”ဟု ၎င်းတော်လှန် ရေးရဲဘော်က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အထက်ပါ စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ (၂၁)အား တိုက်ခိုက်မှုနှင့်စပ်လျဥ်းပြီး NUG အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်)၊ ကာကွယ်ရေးဝန်ကြီး ဌာနမှလည်း ယနေ့(ဧပြီ ၁၈)အတည်ပြုထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတစ်ဦး ထိခိုက်ဒဏ်ရာ(အနည်းငယ်) ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် တပ်ရင်း (၁)က အသိပေးထားသည်။

ဧပြီ ၁၀ ရက်ကလည်း ဆိပ်ဖြူအခြေစိုက် ကပစ (၂၂)သို့ သွယ်တန်းထားသော ဓာတ်အားလိုင်းအား လာရောက်ပြုပြင်သည့် စစ်ကောင်စီတပ်သားများကို ပခုက္ကူခရိုင် PDF တပ်ရင်းများနှင့် ဒေသတော်လှန်ရေးအဖွဲ့များပူးပေါင်း တိုက်ခိုက်ခံရာ စစ်သားနှစ်ဦးသေဆုံး၍ သုံးဦးပြင်းထန်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook