Connect with us

Hi, what are you looking for?

သတင်း

ဆန့်ကျင်သူတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်း ၇၅၀ ကျော်ကို စစ်ကောင်စီချိတ်ပိတ်

ဒီလို ချိတ်ပိတ်ခံရသူ ၆၃၆ ဦးမှာ လူ ၃၀၀ ဟာလွှတ်တော်အမတ်တွေ ၊ NLD ပါတီဝင်တွေ၊ NLD ကိုထောက်ခံကြသူတွေဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

PDF နဲ့ပတ်သက်လို့ဆိုပြီး ချိတ်ပိတ်ခံရတဲ့ မန္တလေးတိုင်းက အဆောက်အဦး
PDF နဲ့ပတ်သက်လို့ဆိုပြီး ချိတ်ပိတ်ခံရတဲ့ မန္တလေးတိုင်းက အဆောက်အဦး

၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီဟာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၆၃၆ ဦးရဲ့ ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီလို ချိတ်ပိတ်ခံရသူ ၆၃၆ ဦးမှာ လူ ၃၀၀ ဟာလွှတ်တော်အမတ်တွေ ၊ NLD ပါတီဝင်တွေ၊ NLD ကိုထောက်ခံကြသူတွေဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

AAPP ရဲ့ စာရင်းအရ ချိတ်ပိတ်ခံရတဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေထဲမှာ နေအိမ် တိုက်ခန်းတွေ ၊ ခြံမြေ ၊ ဆိုင်ခန်း၊ ဆေးရုံ ဆေးခန်းတွေ ၊ စာသင်ကျောင်း ၊စားသောက်ဆိုင် ၊တည်းခိုခန်း ၊ဟိုတယ်တွေအပြင် ဘာသာရေးဆိုင်ရာအဆောက်အဦးတွေပါဝင်တာတွေ့ရပါတယ်။

ဒီလို စစ်ကောင်စီ ချိတ်ပိတ်တဲ့ ရွှေ့ပြောင်းလို့ မရတဲ့ ပိုင်ဆိုင်မှုအရေအတွက်ဟာ ၇၅၀ ကျော် ရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ ချိတ်ပိတ်တာတွေကိုစစ်ကိုင်တိုင်းမှာ အများဆုံးပြုလုပ်ပြီး အဲဒီနောက်မှာရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းက ဒုတိယနဲ့ တတိယ အများဆုံးဒေသတွေအဖြစ် ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။