Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်မှာ စစ်ရှောင်ရင်း ပြည်သူ ၆၀ ကျော် မြွေဆိုးကိုက်ခံရ

မြေကိုက်ခံရသူ ၆၁ ဦးမှာ အမျိုးသား ၄၅ ဦးနဲ့အမျိုးသမီး ၁၆ ဦးဖြစ်ပြီး သေဆုံး သူ ၅ ဦးဟာ ဆေးကုသမှု အချိန်မီမရလိုက်လို့ ဖြစ်တယ်လို့အဲဒီအဖွဲ့ကဆိုပါတယ်။

ကန်ဘလူနယ်မှာ စစ်ရှောင်ရင်း ပြည်သူ ၆၀ ကျော် မြွေဆိုးကိုက်ခံရ
ကန်ဘလူနယ်မှာ စစ်ရှောင်ရင်း ပြည်သူ ၆၀ ကျော် မြွေဆိုးကိုက်ခံရ

အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ထဲမှာ စစ်ဘေးရှောင်ရင်း ပြည်သူ ၆၁ ဦး မြွေဆိုးကိုက်ခံရကာ ၅ဦးသေဆုံးခဲ့ရတယ်လို့ ကန့်ဘလူနယ် ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီကသိရပါတယ်။

မြေကိုက်ခံရသူ ၆၁ ဦးမှာ အမျိုးသား ၄၅ ဦးနဲ့အမျိုးသမီး ၁၆ ဦးဖြစ်ပြီး သေဆုံး သူ ၅ ဦးဟာ ဆေးကုသမှု အချိန်မီမရလိုက်လို့ ဖြစ်တယ်လို့အဲဒီအဖွဲ့ကဆိုပါတယ်။

သေဆုံးခဲ့ရသူ ၅ဦးမှာ အသက် ၈ နှစ်နဲ့ ၉ နှစ်အရွယ် ကလေး ၂ ဦးပါဝင်တယ်လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့စာရင်းမှာဖော်ပြပါတယ်။

လက်ရှိဧပြီလထဲမှာတင် စစ်ရှောင် ၄ ဦး မြွေကိုက်ခံရပါတယ်။ အဲဒီ ၄ ဦးထဲမှာလည်း ၂ ဦး ဟာ အချိန်မီဆေးကုသမှုမရလိုက်လို့သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရှောင်တွေ အများဆုံးအကိုက်ခံရတဲ့မြွေဟာ အဆိပ်ပြင်းတဲ့ မြွေပွေးအမျိုးအစားဖြစ်တာတွေ့ရပါတယ်။

ဒါအပြင် နယ်မြေဒေသအခြေအနေအရ မြွေဆိပ်ဖြေဆေးအချိန်မီရဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်အတွင်းကို အာဏာသိမ်း စစ်တပ် က အင်အားအလုံးအရင်းသုံးပြီး ဧပြီလ ၂၈ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွှတ်ရာကို စစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။