Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်တိုက်ပွဲ အထိနာသည့် စစ်ကောင်စီတပ်ကကျေးရွာများ မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် အထိနာ၍ လေကြောင်းမှ သာလွန်အင်အားအသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုများ တိမ်းရှောင်နေကြရကြောင်း ၎င်းက ဆိုသည်။

(စစ်ကောင်စီတပ်က ယနေ့နံနက်စောတွင် ဆင်ဖြူဆိပ်‌(အရှေ့)ရွာကို မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - TRTeam)
(စစ်ကောင်စီတပ်က ယနေ့နံနက်စောတွင် ဆင်ဖြူဆိပ်‌(အရှေ့)ရွာကို မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - TRTeam)

▪️စစ်ကောင်စီတပ်သေဆုံးအလောင်းများကိုပါ နေအိမ်နှင့်အတူ မီးရှို့သွားဟု ဒေသခံပြော

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများသည့် စစ်ကောင်စီတပ်က မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း ဧပြီ ၂၂ရက်မှစတင်ဝင်ရောက်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါအဝင် သေဆုံးထိခိုက်မှုများခဲ့သည်။ ထို့ကြောင့် ဧပြီ ၂၄ရက်တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၆ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ကျေးရွာများမှ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

“အခု နောက်ဆုံးသူတို့ ရှို့တာက လင်းပိုင်တင်ရှို့တယ်။ ဆင်ဖြူဆိပ် အရှေ့၊ အနောက်ရှို့တယ်။ ရှို့တာကတော့ သူကတော့ အဆုံးစွန်အမိုက်ထဲကို ဆင်းတဲ့သဘော သက်ရောက်တာပါပဲ။ ဟိုတစ်နေ့ ကဆို သူတို့ကျတာများတော့ လေကြောင်းတိုက်ခိုက်မှု ၆ခါလာတယ်”ဟု ထီးချိုင့်နယ်ခံ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် အထိနာ၍ လေကြောင်းမှ သာလွန်အင်အားအသုံးပြု တိုက်ခိုက်လျက်ရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုများ တိမ်းရှောင်နေကြရကြောင်း ၎င်းက ဆိုသည်။

“လက်ရှိ စစ်ရေးအခြေအနေက သူတို့ဘက်က အထိများတာပဲ။ သူတို့ဘက်က အထိများသလို ကိုယ့်ဘက်က ရောဆိုရင် ကိုယ့်ဘက်က အထိအခိုက်ပဲရှိတယ် အသေအပျောက်တော့မရှိဘူး။ သူတို့ဘက်ကတော့ တခါတလေ သူတို့ အလောင်းတွေမရှင်းနိုင်လို့ အိမ်တွေ မီးရှို့တဲ့အခါ သူတို့ ထည့်ရှို့သင်္ဂြိုလ်တာအထိပါတယ်။ သူတို့အထိနာတော့ သူတို့အထိနာလေ မဲလေလေဖြစ်တာပေါ့”ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ဒေသခံတော်လှန်ရေးတပ်များ၊ ပြည်သူများအနေဖြင့် တိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာပါက ပို၍ ဂရုစိုက်သတိထားပြီးနေကြရသည်ဟု ဆိုသည်။

“တို့က ဘယ်လိုဖြစ်လဲဆိုရင် သူတို့ကိုလည်း တိုက်ရသေးတယ်။ သူတို့ရှုံးလို့ရှိရင် လေယာဉ် ခေါ်မှာ လေကြောင်းတိုက်ခိုက်မှုလုပ်မှာဖြစ်တဲ့အတွက် ကြိုရှောင်ရတာ အလုပ်တစ်ခု ပိုလာတာပေါ့။တိုက်ပွဲရှိရင် ပြည်သူက သတိထားနေရတာ တိုက်ပွဲထိရင် ခွေးနာသလား မနာဘူးလား နာလို့ရှိရင် လေယာဉ်လာတော့မှာဆိုတာ ပြည်သူတွေက ကြိုပြီးမှကို သတိထားနေရတာ”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ဒေသတွင်း၌ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှု ဆက်ရှိနေ၍ တိုက်ပွဲဆက်ဖြစ်နိုင်သေးကြောင်း ထီးချိုင့်နယ်ခံက ပြောသည်။

Tygyaing Revolution၏ ယနေ့ ဒေသတွင်း စစ်ရေးအခြေအနေဖော်ပြချက်အရ ယမန်နေ့ညက လင်းပိုင်တင်ရွာ၌ ညအိပ်သည့် စစ်ကောင်စီတပ်များသည် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ နံနက် ၇နာရီခွဲတွင် ပေါက်ပင်ကွေ့ရွာ အနီးရှိ မြေပလ္လင်ဘက်သို့ ရောက်ရှိနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။