Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ထိုင်းနိုင်ငံထုတ်ဗုံးများ အသုံးပြု တိုက်ခိုက်လာဟု ကော်ဘရာစစ်ဆင်ရေးမှူး ပြော

ယခုလအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည့် နေရာသို့ ဗိုလ်ဒါဘောသွားရောက်စဉ် အဆောက်အဦးအပျက်အစီးများကြား၌ တွေ့ရသည့် ဗုံးခွံ၌ ထိုင်းစာများတွေ့ရှိသည့် အခြေအနေအပေါ် သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

▪️မြန်မာလူထုအား စစ်ကောင်စီတပ်သတ်ဖြတ် ရာတွင် ထိုင်းအစိုးရနှင့်စစ်တပ်က အားပေးရာရောက်ဟု ကရင်သတင်းရင်းမြစ်ပြော

▪️ထိုင်းပြည်သူများအနေဖြင့် ထိုင်းအစိုးရနှင့် စစ်တပ်အား စစ်ကောင်စီအားပေး မလုပ်ရေး တောင်းဆိုပေးစေလိုဟု တိုက်တွန်း

ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် ဗုံးပဒေသာများမှာ ထိုင်းနိုင်ငံထုတ် ဗုံးများဖြစ်သည်ဟု ယူဆရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)၏ ကော်ဘရာစစ်ကြောင်းမှ စစ်ဆင်ရေးမှူး ဗိုလ်ကြီးဒါဘောက သုံးသပ်ပြောကြားသည်။

ယခုလအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည့် နေရာသို့ ဗိုလ်ဒါဘောသွားရောက်စဉ် အဆောက်အဦးအပျက်အစီးများကြား၌ တွေ့ရသည့် ဗုံးခွံ၌ ထိုင်းစာများတွေ့ရှိသည့် အခြေအနေအပေါ် သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“လောယာဉ် ခွံ(လေယာဉ်ဗုံးအခွံ)က ထူးဆန်းတာ တစ်ခုက လေးကေ့ကော်ကနေ တောက်လျှောက် ပေါ့နော် ဗုံးတွေနဲ့ ကြဲတယ်။ ဒါပေမဲ့ ထူးဆန်းတာ တစ်ခုက အခုလာကြဲတဲ့ ကလက်စတာ ဗုံးမှာ ထူးဆန်းတာက ထိုင်းစာတွေပါနေတယ်။ ထိုင်းနိုင်ငံထုတ်လို့ယူဆရတယ်”ဟု ကော်ဘရာ စစ်ဆင်ရေးမှူးက ပြောသည်။

(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ယခင်က စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဗုံးများ၌ ထိုင်းစာသားများ ၊ ထိုင်းနိုင်ငံပိုင် အမှတ်အသားများ မတွေ့ရကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

အခုနောက်ပိုင်းမှာ ထိုင်းကနေပြီးတော့ ထုတ်ထားတဲ့ ကျည်လို့ ကျနော်တို့ ယူဆတာဖြစ်တယ်။ပြည်သူပိုင်အဆောက်အဦးတွေကို အာဏာရှင် မင်းအောင်လှိုင်ပေါ့ အာဏာသိမ်းစစ်အုပ်စုတွေက အဓိက ပြောချင်တာက ပြည်သူလူထုတွေကို ဒီလိုမျိုးပဲ လေယာဉ်အားကိုးနဲ့ လိုက်ပစ်သတ်နေတာတွေလည်းရှိတယ်။ မြေပြင်မှာ ထိုးစစ်မှာ မယှဉ်နိုင်တော့တဲ့အခါ ကျနော်တို့ တွေ့ရတာ ပြည်သူလူထုကို အကြောက်တရားနဲ့ ပြည်သူလူထုနေတဲ့ အိုးအိမ်စည်းစိမ်တွေ ချပ်ကျောင်းတွေ ဘုရားကျောင်းတွေ ဘာသာရေးအဆောက်အအုံတွေကို လိုက်ကြဲတာ ရွာတွေမှာ လူနေတဲ့အိမ်တွေမှာ ကြဲတာကို ကျနော်တို့ တွေ့ရတယ်။ ဒီလို ဗုံးတွေဆို နောက်ပိုင်းမှာအရမ်းသုံးလာတယ်”ဟု ဗိုလ်ကြီးဒါဘောက ပြောသည်။

(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

အဆိုပါ ဗုံးအမျိုးအစားကို စစ်ကောင်စီတပ်က စစ်ဆင်ရေးတိုင်း၌ အသုံးပြုနေပြီး ယင်းဗုံးတွင် ပေါက်ကွဲနိုင်သည့် ဗုံးအလုံးများစွာ ပါဝင်သည်ကို တွေ့ရသည်ဟု ဆိုသည်

ကရင်သတင်းရင်းမြစ်တစ်ဦးကလည်း “ဒါကတော့လက်နက်ပစ္စည်းတွေက ဘယ်နိုင်ငံက လာတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပေါ့။ သူ့ရဲ့ စာတွေ ပါတယ်ဆိုတော့။ထိုင်းက ဒီလိုမျိုးစစ်တပ်ကို အားပေးချင်းအားဖြင့် ဒီလက်နက်တွေက စစ်ရေးအတွက် သူသုံးတဲ့အခါမှာ လူထုဘက်ကို ထိတဲ့အခါကျတော့ ဒါတွေက လူ့အခွင့်အရေးချိုးဖောက်မှု သတ်ရောက်တာပေါ့”ဟု ပြောသည်။

မြန်မာစစ်တပ်အား ထိုသိုပဒေသာဗုံးများ ၊ လက်နက်များပေးခြင်းက ဗမာပြည်သူလူထုကို သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်၏ လုပ်ရပ် ကို အားပေးသည့်လုပ်ရပ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

“ကိုယ်ချင်းစာဖို့ သင့်တယ်လို့ ထိုင်းတာဝန်ရှိသူတွေ။ ပြည်သူလူထုတွေလည်း ဒီလုပ်ရပ်မျိုးကို ဘယ်အစိုးရမဆို ဒီလိုလုပ်ဆောင်ချက်ကို မလုပ်သင့်ဘူးလို့ပဲ ဘယ်နိုင်ငံမဆို သူ့ခေါင်းဆောင် သူ့အစိုးရကို ဒီလို မလုပ်ဖို့ တောင်းဆိုစေချင်တယ် ထိုင်းပြည်သူတွေအနေနဲ့ သူ့အစိုးရကို ဒီလိုမျိုး မလုပ်သင့်ဘူးဆိုတာ။ ထိုင်းစစ်တပ်ကလည်း ဒီလိုမျိုး လုပ်ရပ်မျိုး မလုပ်သင့်ဘူး။”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ထိုင်းစစ်တပ်နှင့် ထိုင်းအစိုးရခေါင်းဆောင်များသည် မြန်မာပြည်သူလူထုကို သတ်ဖြတ်နေသည့် မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေပြီး မကြာသေးမီကပင် ထိုင်းအစိုးရနှင့် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်အချို့ မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုရှိခဲ့သည်။

(ကရင်ဒေသသို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာတွင် ထိုင်းနိုင်ငံထုတ်ဟု ယူဆရသော ဗုံးအပိုင်းအစများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။