Connect with us

Hi, what are you looking for?

သတင်း

ဗဟန်းမြို့နယ်တွင် အငြိမ်းစားဗိုလ်မှူးတစ်ဦး ပစ်သတ်ခံရ

လက်ရှိတွင် အခင်းဖြစ်ပွားသည့်နေရာသို့ စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာပြီး ဗဟန်းမြို့နယ် ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်တို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

(ယာဉ်အား ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ယာဉ်အား ပစ်ခတ်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ယနေ့ (ဧပြီ ၂၉) နံနက်က စစ်ကောင်စီတပ်​၏ အငြိမ်းစား ဗိုလ်မှူး ဦးရဲမင်းသန်း သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်၌ ဦးရဲမင်းသန်း မောင်းနင်လာသည့် ကားအား အမည်မသိ လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ရင်ဘတ်ကျည်ထိမှန်၍ နေရာမှာတင် သေဆုံးခဲ့ကြောင်း ဗဟန်းမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

“ဦးရဲမင်းသန်းက သူ့အိမ်ကနေ ကားနဲ့ ထွက်လာတဲ့အချိန်ကို စောင့်ပစ်သွားတာပါ။ သေနတ်သံက ၃၊ ၄ ချက်လောက်တော့ ရှိမယ်ထင်တယ်။ လူကတော့ နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ဗိုလ်မှူး (​ငြိမ်း) ဦးရဲမင်းသန်းကို မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သွားကြောင်း လတ်တလောတွင် ထုတ်ပြန်ထားခြင်းလည်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိတွင် အခင်းဖြစ်ပွားသည့်နေရာသို့ စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာပြီး ဗဟန်းမြို့နယ် ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်တို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“ကားပေါ်မှာပစ်ခံရတာ။ပစ်ခံရတဲ့နေရာနဲ့ သူ့အိမ်နဲ့က မဝေးဘူး”ဟု ကျိုက္ကဆံရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အငြိမ်းစားဗိုလ်မှူးရဲမင်းသန်း အသက်(၅၅)နှစ် အရွယ်ဖြစ်ပြီး MMG ကုမ္ပဏီတွင် မန်နေဂျာအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် News Of Myanmar ၌ ဖော်ပြထားသည်။

ဧပြီ ၂၂ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ရတနာလမ်းထောင့်၌ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ဒုတိယညွှန်ကြားရေးမှူးချုပ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေသူ နှစ်ဦးရဲ့ အလောင်းတွေကို နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းတုန်းက ရတ်ချာဘူရီမှာရှိတဲ့ ဆွန်ဖွန်ခရိုင်မှာ တွေ့ရှိခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးအား ပစ်သတ်ပြီး ၄ရက်အကြာတွင် နောက်ထပ် ဆရာတော်တစ်ပါးကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ZRA နှင့် စစ်ကောင်စီ အရာရှိပိုင်းအကြား အဆက်အသွယ်ရှိကြောင်း၊ ZRA တပ်ဖွဲ့ဝင်များနှင့် ပြဿနာမဖြစ်စေရန် စစ်ကောင်စီ အရာရှိများက အောက်ခြေကို မှာထားကြောင်း ပြောသည်။

သတင်း

သေနတ်သမား ဘယ်သူဘယ်ဝါ ဆိုတာကို မသိရသေးပေမယ့် ရဲတွေကတော့ တရားခံဟာလည်း မြန်မာတစ်ဦး ဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။