Connect with us

Hi, what are you looking for?

သတင်း

တိုက်ခိုက်ထားသည့် သံချပ်ကာယာဉ် နှစ်စီးကို ပြန်ယူရန် စစ်ကောင်စီကြိုးပမ်းနေ၍ ထပ်မံဖျက်ဆီးခဲ့ဟု CNA ပြော

စစ်ခေါင်းဆောင်များအတွက် အလုပ်မလုပ်ကြရန်၊ ကျန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဆလိုင်းထက်နီက တိုက်တွန်းသည်။

(ဟားခါး-ဖလမ်းအကြား၌ CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့၏ ဖျက်ဆီးခံရသည့် စစ်ကောင်စီတပ် သံချပ်ကာ ၂စီးနှင့် ကုန်တင်ကားများ မြင်ကွင်း။ ဓာတ်ပုံ - The Chin Journal)
(ဟားခါး-ဖလမ်းအကြား၌ CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့၏ ဖျက်ဆီးခံရသည့် စစ်ကောင်စီတပ် သံချပ်ကာ ၂စီးနှင့် ကုန်တင်ကားများ မြင်ကွင်း။ ဓာတ်ပုံ - The Chin Journal)

▪️ဟားခါးဆေးရုံရောက် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မင်းအောင်လှိုင်ကို ဆဲဆိုညည်းတွားနေဟုဆို

ကလေးမြို့မှ ဟားခါးမြို့ စစ်ဗျူဟာသို့ လက်နက်ခဲယမ်းအင်အားလာပို့သည့် သံချပ်ကာယာဉ် နှစ်စီးအပါအဝင် ယာဉ်အစီး ၃၀ခန့်ပါ ထောက်ပို့ ယာဉ်တန်းတစ်ခုလုံးကို ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့ရာ ယင်းအနက် သံချပ်ကာယာဉ် နှစ်စီးကို ပြန်လည်ယူဆောင်ရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထို့ကြောင့် သံချပ်ကာယာဉ် နှစ်စီးကို ဖျက်ဆီးထားသည့် ဟားခါးမြို့နယ် ချွန်ကျုံးရွာ၌ ချင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ဧပြီ ၃၀ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက် ၃လက်ရရှိခဲ့သည်ဟုဆိုသည်။

(ဟားခါး-ဖလမ်းအကြား၌ CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့၏ ဖျက်ဆီးခံရသည့် စစ်ကောင်စီတပ် သံချပ်ကာ ၂စီးနှင့် ကုန်တင်ကားများ မြင်ကွင်း။ ဓာတ်ပုံ - The Chin Journal)
(ဟားခါး-ဖလမ်းအကြား၌ CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့၏ ဖျက်ဆီးခံရသည့် စစ်ကောင်စီတပ် သံချပ်ကာ ၂စီးနှင့် ကုန်တင်ကားများ မြင်ကွင်း။ ဓာတ်ပုံ – The Chin Journal)

“ကျနော်တို့ ဖျက်ဆီးထားတဲ့ တင့်ကား ၂စီးကို ပြန်ယူဖို့ တွန်းနေတဲ့အနေအထားမျိုးမှာရှိတယ်။ တိုက်ပွဲကလည်း ဆက်ရှိနေတယ်။ တင့်ကားကိုတော့ ဆက်ပြီးတော့ မယူနိုင်အောင်တားထားတယ်။ ဆက်လက်ပြီးတော့ ဖျက်ဆီးလိုက်တယ်။ ဒါပေမဲ့ အထဲမှာ ဘယ်လောက်ပျက်စီးသလဲဆိုတာတော့ ကျနော်တို့ မသိဘူး”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement
Public Service Announcement

တစ်ဖက်တွင်လည်း ဟားခါးမြို့သို့ လာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်စဉ် ခြေပြတ်၊ လက်ပြတ် စသည်ဖြင့် ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဟားခါးဆေးရုံ၌ ကုသမှုခံယူနေပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆဲဆိုနေကြသည်ဟု ဆလိုင်းထက်နီက ပြောပြသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်ကြောင့် ဒုက္ခိတဘ၀ ရောက်ရသည့်အပေါ် ဒဏ်ရာရ စစ်သည်များက ညည်းတွားနေကြခြင်းဖြစ်သည်ဟု ဆိုသည်။

(ဟားခါး-ဖလမ်းအကြား၌ CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့၏ ဖျက်ဆီးခံရသည့် စစ်ကောင်စီတပ် သံချပ်ကာ ၂စီးနှင့် ကုန်တင်ကားများ မြင်ကွင်း။ ဓာတ်ပုံ - The Chin Journal)
(ဟားခါး-ဖလမ်းအကြား၌ CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့၏ ဖျက်ဆီးခံရသည့် စစ်ကောင်စီတပ် သံချပ်ကာ ၂စီးနှင့် ကုန်တင်ကားများ မြင်ကွင်း။ ဓာတ်ပုံ – The Chin Journal)

“အဲဒီလိုမျိုးညည်းတွားနေကြတယ်။ သူတို့ လူဖြစ်ရကျိုးမနပ်တော့ဘူး အဲဒါမင်းအောင်လှိုင်ကြောင့် မင်းအောင်လှိုင်ကို ဆဲနေတာ။ အဲဒါလူသားအချင်းချင်းကျနော်တို့ဘက်က စာနာတယ်။ ဒါပေမဲ့ မတက်နိုင်ဘူး”ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ခေါင်းဆောင်များအတွက် အလုပ်မလုပ်ကြရန်၊ ကျန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ဆလိုင်းထက်နီက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။

Facebook