Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ စစ်ကောင်စီ၌မရှိဟု NUGက တရုတ်နိုင်ငံကို အသိပေး

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းသာယာရေးအတွက် ဆောင်ရွက်လိုကြောင်း တစိုက်မတ်မတ် ပြောကြားခဲ့ပြီး တည်ငြိမ်ရေးအတွက် ကြိုးစားပြီး ကူညီဆောင်ရွက်မည်ဟု ပြောကြားခဲ့ကြောင်း ဦးကျော်ဇောက ပြောသည်။

(သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ကျော်​ဇောကရှင်းလင်း​နေစဥ်။ဓါတ်ပုံ-PS)
(သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ကျော်​ဇောကရှင်းလင်း​နေစဥ်။ဓါတ်ပုံ-PS)

▪︎စစ်ကောင်စီ ရှိနေသရွေ့ မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်နေမည်ဟု အိမ်နီချင်းနိုင်ငံများအားရှင်းပြ

-“မြန်မာပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီအောင်လုပ်ဖို့ ကျနော်တို့ တွေအနေနဲ့ မျှော်မှန်းပါတယ်” သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် စစ်ကောင်စီ၌ မရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးမြန်မာနိုင်ငံသို့ လာရောက်ပြီး စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမှု၊ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံမှု တို့နှင့်ပတ်သက်ပြီး သတင်းမီဒီယာများက ယနေ့ ပြုလုပ်သည့် NUG နှစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုအပေါ် ဦးကျော်ဇောက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းသာယာရေးအတွက် ဆောင်ရွက်လိုကြောင်း တစိုက်မတ်မတ် ပြောကြားခဲ့ပြီး တည်ငြိမ်ရေးအတွက် ကြိုးစားပြီး ကူညီဆောင်ရွက်မည်ဟု ပြောကြားခဲ့ကြောင်း ဦးကျော်ဇောက ပြောသည်။

“ အခုအချိန်မှာ အချုပ်အခြာအာဏာကို လေးစားဖို့ဆိုတာကို ပြောတယ်။ ကျနော်တို့ NUG အစိုးရ အနေနဲ့ ပြောကြားချင်တာက မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာက စစ်ကောင်စီမှာ မရှိဘူး။ စစ်ကောင်စီက အာဏာကို ဥပဒေမဲ့ လုယက်ဖို့အတွက် ကြိုးစားတဲ့အကြမ်းဖက်အဖွဲ့ ရာဇဝတ်သမားတွေပဲဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာက ပြည်သူ့လက်ထဲမှာပဲရှိပါတယ်။ အဲဒါကလည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံအပါအဝင် နိုင်ငံတကာကလည်း လက်ခံထားပြီးသားဖြစ်ပါတယ်” ဟု ဦးကျော်ဇောက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူ့လက်ထဲ၌ရှိသည့်နိုင်ငံတော်၏ အာဏာကို ပြည်သူလူထု၏ တရားဝင်အစိုးရက တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“တရားဝင်အစိုးရက ကျနော်တို့ရဲ့ NUG အစိုးရ ဖြစ်ပါတယ်။ အခု တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ တရားဝင်အစိုးရဖြစ်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ရယ် နောက် သက်ဆိုင်တဲ့ Stakeholder အကုန်လုံးနဲ့ တိုင်းရင်းသားအုပ်စုတွေအပါအဝင် Stakeholder တွေ NUGနဲ့ ထိတွေ့ဆက်ဆံပြီးတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ဖို့အတွက် ကူညီရေးက ပိုပြီးထိရောက်အောင်မြင်မယ်ဆိုတာလည်း အိမ်နီးချင်းနိုင်ငံတွေ အကုန်လုံးကို အသိပေးပြောကြားချင်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

မြန်မာနိုင်ငံမှာ မတည်မငြိမ်မှုဖြစ်နေခြင်း၊ ဒေသလုံခြုံရေးကို ခြိမ်းခြောက်နေခြင်း၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများကို ထိခိုက်နေသည့် ကိစ္စများမှာ အကြမ်းဖက်စစ်ကောင်စီ၌ တာဝန်ရှိကြောင်း ၎င်းက ပြောသည်။

“ အကြမ်းဖက်စစ်ကောင်စီက အာဏာလုယက်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ ပြည်သူတွေကို ရက်ရက်စက်စက်နဲ့ လူမဆန်စွာ သတ်ဖြတ်နှိပ်စက်ညှင်းပမ်းနေတယ်။ မီးတွေရှို့နေတယ်။အဲဒါတွေကြောင့် တိုင်းပြည်မှာ မတည်မငြိမ်ဖြစ်နေတာ။ စစ်ကောင်စီ ရှိနေသရွေ့ မြန်မာနိုင်ငံမတည်မငြိမ်ရှိနေမယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်တွေကိုလည်း အနုတ်လက္ခဏာရောက်တဲ့ သက်ရောက်မှုတွေ ရှိစေမယ်ပေါ့။ ဒီလိုမျိုး မြန်မာနိုင်ငံတည်ငြိမ်ဖို့အတွက် အဓိက အာမခံချက်ပေးနိုင်တာက မြန်မာပြည်သူလူထုတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ လမ်းကြောင်းတစ်ခု အဲဒါဖြစ်အောင် အောင်မြင်အောင်အတွက် ကူညီဆောင်ရွက်ပေး ပံ့ပိုးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုကို ငြိမ်းချမ်းသာယာမှုကို အကူအညီပေးနိုင်မယ်” ဟု ဦးကျော်ဇောက ပြောသည်။

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ၌ တည်ငြိမ်မှုရရှိပြီး မြန်မာနိုင်ငံအချုပ်အခြာအာဏာ ကို လေးစားရန် ပြောဆိုချက်အပေါ် အသိအမှတ်ပြုကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ဒါပေမဲ့ လုပ်တဲ့လုပ်ငန်းစဉ် မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့ လုပ်ငန်းစဉ် ဖြစ်ခဲ့မယ်ဆိုရင် အပေါင်းလက္ခာဆောင်တဲ့ လုပ်ရပ်မဖြစ်ဘဲ အနုတ်လက္ခဏာဆောင်သွားနိုင်တဲ့အတွက် မြန်မာပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီအောင်လုပ်ဖို့ ကျနော်တို့ တွေအနေနဲ့ မျှော်မှန်းပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

NUG အစိုးရ အနေဖြင့် အိမ်နီးချင်း နိုင်ငံအားလုံး နှင့် ပူးပေါင်းဆောင်ရွက်ရန်လမ်းကြောင်းဖွင့်ထားသည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook