Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်နေဆဲဖြစ်၍ အာဏာသိမ်းစစ်တပ်နှင့် ဝေးဝေးရှောင်ကြရန် PDF ထုတ်ပြန်

ပြည်သူများအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ တပ်ထိုင်သောနေရာများ၊ လုံခြုံရေးကင်းထိုးသော နေရာများမှ ဝေးဝေးရှောင်ရန် မေတ္တာရှေ့ထား အထူးသတိပေးကြောင်း ဖော်ပြထားသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဟုမ္မလင်း PDF)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော ဟုမ္မလင်း PDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဟုမ္မလင်း PDF)

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ဧပြီ ၂၈ရက်မှ လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြင့်နေဆဲဖြစ်ကြောင်း ဟုမ္မလင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(HPDF)က ယနေ့ မွန်းလွဲပိုင်း၌ ထုတ်ပြန်သည်။

“မနက်ကတ‌စ်နေရာချ(စစ်​ကောင်စီတပ်ကိုတိုက်ခိုက်)တယ်။

ကိုယ့်ဘက်က အောင်မြင်တယ်။ ဒီနေ့ခင်းလည်း နောက်တနေရာ ထပ်ချတယ်။ အခု လေကြောင်းကနေလာနေတယ်လို့ ကြားတယ်။ ဒီလို အ‌‌ခြေအနေမှာ ပြည်သူတွေ အန္တရာယ်မကြုံရအောင် သတိပေးချက်ထုတ်ပြန်တာပါ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တတစ်ဦးကPeople’s Spring သို့ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ တပ်ထိုင်သောနေရာများ၊ လုံခြုံရေးကင်းထိုးသော နေရာများမှ ဝေးဝေးရှောင်ရန် မေတ္တာရှေ့ထား အထူးသတိပေးကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဟုမ္မလင်းမြို့နယ် တောင်ဦးရွာနှင့် တောင်ဘို့လှရွာရှိ စစ်ကောင်စီနှင့် ရှမ်းနီတပ်ဖွဲ့(SNA) ပူးပေါင်း စခန်းကို ယနေ့ မေလ ၄ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောကြားသည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး HPDF၏ ထုတ်ပြန်ချက်တွင် သီးခြားဖော်ပြထားမှုမရှိဘဲ စစ်ရေးအရှိန်မြင့်နေကြောင်းသာ သတိပေးထားသည်။

ဟုမ္မလင်းနယ်တွင် ဧပြီ ၂၈ရက်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဟုမ္မလင်း-ဖောင်းပြင် နယ်စပ်ရွာများကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းစဉ် ကင်းပတ်လာသည့် ပျူစောထီးနှင့် ဌာနေပြည်သူ့စစ် တို့နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီလက်ပါးစေ ပျူနှင့် ပြည်သူ့စစ်ဘက်က ၁၀ဦးခန့် သေဆုံးကာ လက်နက် ၇လက် သိမ်းဆည်းရရှိခဲ့သည်ဟု PDFက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်ခြေရှိ ကဒက်ချောင်း ရေတံခွန်၌ ဖမ်းဆီးခဲ့သည့် ပျူစောထီးများသည် ကျေးရွာများ မီးရှို့ခြင်း၊လူသတ်အလောင်းဖျောက်ခြင်းနှင့် လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးမှုပြုလုပ်သူများဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဆင်ရေးနယ်မြေ(၁)၊ အမှတ် (၂၇)စစ်ဗျူဟာ တာဝန်ခံ ကိုအေးမင်းထွန်းက လူထုနွေဦးသို့ပြောသည်။

သတင်း

ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာနေသောဒေသများ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ကျုံပျော်မြို့တွင် စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ အသေခံဒရုန်းတစ်စီး ပစ်ချနိုင်ခဲ့ကြောင်း ဖယ်ခုံ PDF (၁၀၀၂)တပ်ရင်းက ယနေ့(ဧပြီ ၄ ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိဟု တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲ အသိပေး