Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အကယ်ဒမီပွဲတတ်ရောက်သည့် ဇာတ်ပို့တစ်ဦး ကွယ်လွန်

အကယ်ဒမီပေးပွဲကို သုံးနှစ်စာပေါင်း၍ ကျင်းပခြင်းဖြစ်သောကြောင့် ပွဲချိန်အတော်ကြာမြင့်ခဲ့ပြီး အစားအသောက်နှင့်ပတ်သက်၍ အဆင်မပြေမှုများလည်းရှိခဲ့သည်ဟု အနုပညာရှင်အချို့ကပြောသည်။

(ယမန်နေ့ညက ပြုလုပ်သည့် စစ်ကောင်စီ၏ အကယ်ဒမီဆုပေးပွဲအခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - cincds)
(ယမန်နေ့ညက ပြုလုပ်သည့် စစ်ကောင်စီ၏ အကယ်ဒမီဆုပေးပွဲအခမ်းအနားအား တွေ့ရစဥ်။ ဓာတ်ပုံ - cincds)

နေပြည်တော်၌ပြုလုပ်သည့် အာဏာသိမ်းစစ်ကောင်စီပြုလုပ်သည့် အကယ်ဒမီပေးပွဲ တတ်ရောက်ခဲ့သည့် ဇာတ်ပို့သရုပ်ဆောင် ဦးအောင်သာ ယင်းပွဲမှအပြန် ကားပေါ်တွင် ရုတ်တရက်ကွယ်လွန်သွားကြောင်း ၎င်းနှင့်အတူသွားရောက်ခဲ့သူများက ပြောသည်။

“ကျွန်မတို့စီးတဲ့ကားထဲကပါ။ သူ့မိသားစုဘယ်ကလည်း သိကြပါလား။ ရုတ်တရက်မေ့လဲ၊မနေ့ကညက ဝမ်းသွားထားတယ်တဲ့၊မနက်ကြတော့ အစာမရှိ။အကယ်ဒမီပေးပွဲက အပြန်ကားထဲမှာဆုံးတာပါရှင့်။ ကောင်းရာသုကတိလားပါစေ။”ဟု အမျိုးသမီးသရုပ်ဆောင်တစ်ဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မေလ ၇ရက် နံနက် ၈ နာရီ ၂၀ခန့်တွင် ရန်ကုန်သို့ပြန်မည့်ကားပေါ်၌ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

ကွယ်လွန်သွားသည့် ဦးအောင်သာသည် ရုပ်ရှငိဇာတ်လမ်းများတွင် အဖေခန်းများပါဝင်သရုပ်ဆောင်သည့် ဇာတ်ပို့တစ်ဦးဖြစ်ပြီး အသက် (၇၀)ကျော်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။ သေဆုံးမှုနှင့်ပတ်သက်ပြီး ၎င်း၏ မိသားစုထံဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက နေပြည်တော်၌ ပြုလုပ်သည့် အကယ်ဒမီပေးပွဲတတ်ရောက်နိုင်ရန် အနုပညာရှင်များအတွက် ကားများစီစဉ်ပေးထားခြင်းဖြစ်သည်။

အကယ်ဒမီပေးပွဲကို သုံးနှစ်စာပေါင်း၍ ကျင်းပခြင်းဖြစ်သောကြောင့် ပွဲချိန်အတော်ကြာမြင့်ခဲ့ပြီး အစားအသောက်နှင့်ပတ်သက်၍ အဆင်မပြေမှုများလည်းရှိခဲ့သည်ဟု အနုပညာရှင်အချို့ကပြောသည်။

“အဓိက တရားခံက ပွဲစီစဉ်သူနဲ့ တာဝန်ရှိသူအားလုံး”ဟု အဆိုပါသရုပ်ဆောင်သေဆုံးမှုနှင့်ပတ်သက်၍ အမျိုးသားတစ်ဦးက မှတ်ချက်ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။