Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမြို့အဝင် ကင်းပုန်းဝပ်နေသောစစ်​ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်က ပတ်ဝန်းကျင်သို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းမဟာမိတ်ညီနောင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

(၂ဝ၂၁ ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ဓာတ်ပုံ - အေအပ်ပီ)
(၂ဝ၂၁ ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ဓာတ်ပုံ - အေအပ်ပီ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အဝင် ရွှေမုဌောဘုရားအနီး ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း Myanmar Revolution Army -MRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (မေလ ၇ရက်) နံနက် ၈နာရီခွဲခန့်က ဆားလင်းကြီးမြို့အဝင် ရွှေမုဌောဘုရားအနီး၌ ကင်းပုန်းဝပ်နေကြသော စစ်ကောင်စီတပ်သားများအား (၄၀)မမ၊ စနိုက်ပါများဖြင့်ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း MRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ရွှေမုဌောမှာအင်အား ၃၀ ဝန်းကျင်လောက်ရှိတယ်။ တိုက်ပွဲချိန်က မိနစ်၂၀ ဝန်းကျင်လောက်ပေါ့။ ကျွန်တော်တို့က စနိုက်ပါနဲ့ ချောင်းပစ်တာဆိုတော့ ပစ်ကွင်းရှာနေတာ။ တစ်ကောင်ရ နှစ်ကောင်ရ ပြောက်ကျားစနစ်နဲ့ ပစ်ပြီးပြန်ဆုတ်လုပ်ခဲ့တာ။ အရင်စစ်ကြောင်းက လက်ကျန် စကစတွေ။အမြဲတမ်းလိုလို အရှေ့မှာ ကင်းစောင့်တယ်။ ပြည်သူဖုန်းတွေစစ်၊ ပိုက်ဆံတောင်း မှတ်ပုံတင်စစ်တွေ ရံဖန်ရံခါလုပ်တက်တယ်။”ဟုMRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သားနှစ်ဦးမှာ စနိုက်ပါလက်ချက်ဖြင့် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားသည်ဟု MRAက ဆိုသည်။သို့သော် စစ်ကောင်စီတပ်သား သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ပတ်ဝန်းကျင်သို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းမဟာမိတ်ညီနောင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

ထိုစစ်ဆင်ရေးကို Myanmar Revolution Army -MRAနှင့် MRDA ဆားလင်းကြီးတပ်ခွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ ဆန္ဒပြတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။