Connect with us

Hi, what are you looking for?

သတင်း

မန္တလေး စိတ်ကျန်းမာရေးဆေးရုံ ဝန်ထမ်းလိုင်းခန်းမှာ သူနာပြုဆရာမ သေဆုံး

ဝန်ထမ်းလိုင်းခန်းမှာ နေထိုင်သူ အသက် ၅၈ နှစ်အရွယ် သူနာပြုဆရာမဟာ မီးစက်မောင်းပြီး အခန်းအလုံပိတ်ကာ လေအေးပေးစက်ဖွင့် အိပ်စက်ခဲ့တယ်လို့သိရပါတယ်။

မန္တလေး စိတ်ကျန်းမာရေးဆေးရုံ ဝန်ထမ်းလိုင်းခန်းမှာ သူနာပြုဆရာမ သေဆုံး
မန္တလေး စိတ်ကျန်းမာရေးဆေးရုံ ဝန်ထမ်းလိုင်းခန်းမှာ သူနာပြုဆရာမ သေဆုံး

မန္တလေးတိုင်း၊ အမရပူရမြို့နယ် စိတ်ကျန်းမာရေးဆေးရုံရဲ့ ဝန်ထမ်းလိုင်းခန်းမှာ သူနာပြု ဆရာမ တစ်ဦး အသက်ရှုကြပ်ပြီး မနေ့ညပိုင်းက သေဆုံးသွားတယ်လို့ စစ်ကောင်စီကသတင်း ဖော်ပြလာပါတယ်။

ဝန်ထမ်းလိုင်းခန်းမှာ နေထိုင်သူ အသက် ၅၈ နှစ်အရွယ် သူနာပြုဆရာမဟာ မီးစက်မောင်းပြီး အခန်းအလုံပိတ်ကာ လေအေးပေးစက်ဖွင့် အိပ်စက်ခဲ့တယ်လို့သိရပါတယ်။

နောက်တစ်နေ့မနက်ပိုင်းမှာ မှောက်ရက်သေဆုံးနေတယ်ဆိုတဲ့သတင်းပေးချက်အရ သွားရောက် ကြည့်ရှုရာမှာ အသက်ရှုကြပ်ပြီးသေဆုံးတဲ့ လက္ခဏာ တွေ့ခဲ့ရတယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့ရဲ့ရဲမှတ်တမ်းအရသိရပါတယ်။

အိပ်ပျော်နေချိန် မီးစက်က ထွက်လာတဲ့ မီးခိုးတွေကို ရှုရှိုက်မိပြီး အသက်ရှုကြပ်ကာ သေဆုံးသွားခဲ့တာလို့ ရဲမှတ်တမ်းကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ သူနာပြုဆရာမဟာ လိုင်းခန်းမှာ တစ်ဦးတည်းနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။