Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဆီယံသံတမန်များ တိုက်ခိုက်ခံမှုအပေါ် အင်ဒိုသမ္မတ ပြစ်တင်ရှုတ်ချ

သံတမန်ယာဉ်တန်း တိုက်ခိုက်ခဲ့မှုအ​ပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှားသမ္မတ
အင်ဒိုနီးရှားသမ္မတ

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီပေးရေး အာဆီယံသံတမန်များ တိုက်ခိုက်ခံရမှုအပေါ် အာဆီယံ ဥက္ကဌအင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ပြစ်တင်ရှုတ်ချလိုက်ပြီး နိုင်ငံအတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရေး တောင်းဆိုပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ အင်ဒိုနီးရှားရဲ့ သမ္မတ ဂျိုကိုဝီက အဆိုပါတိုက်ခိုက်ခံရမှုဖြစ်စဥ်အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ သို့သော် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ တွန်းအားပေးရာမှာ အင်ဒိုနီးရှားနဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို အဆိုပါတိုက်ခိုက်မှုက ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ ဂျိုကိုဝီက ဆိုပါတယ်။

“အင်အားသုံးတာကို ရပ်တန့်ပါ၊ အကြမ်းဖက်မှုကို ရပ်တန့်ပါ။ ဘာလို့လဲဆိုတော့ ခံစားရသူတွေဟာ (မြန်မာ)ပြည်သူတွေပဲဖြစ်ပါတယ်။ ဒီအခြေအနေက ဘယ်သူ့ကိုမှ အနိုင်ရရှိစေမှာမဟုတ်ပါဘူး” လို့ အင်ဒိုသမ္မတက ပြောပါတယ်။ အင်ဒိုနီးရှားဟာ ပါဝင်ပတ်သက်သူအားလုံးကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖွေဖို့ တိုက်တွန်းပါတယ်။

သံတမန်ယာဉ်တန်း တိုက်ခိုက်ခဲ့မှုအ​ပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ယာဥ်တန်းတိုက်ခိုက်ခံရ​သော​နေရာ
ယာဥ်တန်းတိုက်ခိုက်ခံရ​သော​နေရာ

တိုက်ခိုက်မှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရကဖြစ်စေ၊ မိတ်ဖက်များက ဖြစ်စေ အမိန့်ပေးစေခိုင်းခဲ့တာမျိုး မရှိသလို ယင်းဖြစ်ရပ်ကိုလည်း လျစ်လျှူရှုမျက်ကွယ် ပြုထားမှာမဟုတ်ဘူးလို့ဆိုပါတယ်။

ထိုကဲ့သို့တိုက်ခိုက်မှု​တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့တော်လှန်​ရေး အခြေခံမူ​တွေနဲ့ လုံးဝဆန့်ကျင်လျက်ရှိကြောင်း၊ မိမိတို့အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာစည်းမျဉ်းဥပဒေ​တွေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ​တွေကို ဘေးကင်းလုံခြုံစွာဖြန့်ဝေသွားနိုင်ရေးအတွက် အစဉ်ပံ့ပိုးဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးမှု​တွေ စတင်လုပ်ဆောင်​​နေတယ်လို့ ဆိုပါတယ်။

ဒေသတွင်း သတင်းရင်းမြစ်အချို့ရဲ့ ပြောကြားချက်အရယာဉ်တန်း တိုက်ခိုက်ခံရတဲ့နေရာဟာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်လက်အောက်ခံ PNO ပြည်သူ့စစ်တပ်ရှိရာ ကြားမှာဖြစ်တယ်လို့သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတစ်ဦးက” နိုင်ငံတကာ Diplomat တွေ၊ လူသားချင်းစာနာမှုအကူအညီပေးသူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုး PDF တွေ လုံးဝမလုပ်ပါဘူး။ ကရင်နီပြည်မှာ Save The Children ဝန်ထမ်းတွေကို မီးရှိ့သတ်ခဲ့တာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာ ပြန်သတိရစေချင်ပါတယ်”လို့ Peoples Spring ကိုပြောပါတယ်။

ပအိုဝ်းဒေသခံတစ်ဦးကလည်းသံတမန်ယာဉ်တန်းတိုက်ခိုက်တာဟာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က လုပ်တာခြဖြစ်နိုင်တယ်လို့သုံးသပ်ပါတယ်။

“ နိုင်ငံခြားသံတမန်နဲ့ စစ်ဘေးရှောင်တွေကို မတွေ့စေချင်လို့။ နောက်တစ်ခုက PNLO နယ်ရုံးကို နိုင်ငံခြားသံတမန်တွေလာတွေ့တယ်ဆိုတာ နိုင်ငံရေးအဆင့်အရ မြင့်တယ်။ အဲဒါကို PNO(စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်)နဲ့ စကစ က အဖြစ်မခံနိုင်လို့။ အဓိကက နိုင်ငံတကာ သံတမန်နဲ့ စစ်ဘေးရှောင် စကားပြောလိုက်ရရင် စကစရဲ့ လုပ်ရပ်တွေက ပိုပေါ်ကုန်မှာ ကြောက်လို့ဖြစ်မယ်”ဟု ပအိုဝ်းဒေသခံတစ်ဦးကသုံးသပ်ပြောကြားပါတယ်။

တိုင်ခိုက်ခံရတဲ့ယာဥ်တန်းမှာ PNLO ကကိုယ်စားလှယ်​တွေလည်းပါ ပါတယ်။PNLO/PNLA နဲ့ စစ်​ကောင်စီလက်​အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့တို့က မတည့်ကြဘဲ မကြာခဏတိုက်ပွဲဖြစ်ပွား​လေ့ရှိပါတယ်။

ဆီဆိုင်မှာ စစ်​ဘေး​ရှောင်ပြည်သူ​သောင်းနဲ့ချီရှိပြီးအများစုက ကရင်နီစစ်​ဘေး​ရှောင်​တွေဖြစ်ပါတယ်။

ကိုးကား – GMA News

(အင်ဒိုနီးရှားသမ္မတနှင့် ယာဥ်တန်းတိုက်ခိုက်ခံရ​သော​နေရာ။ဓါတ်ပုံ- ရိုက်တာ)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းလို့ ခေါ်ဆိုတဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိနေပြီး ကမ္ဘာပေါ်မှာ အသက်ဝင်နေဆဲ မီးတောင် အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။