Connect with us

Hi, what are you looking for?

သတင်း

ဟားခါးနယ် ခွာပီးရွာကို စစ်ကောင်စီတပ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ချင်းရဲဘော်နှင့် ပြည်သူအချို့သေဆုံးထိခိုက်မှုရှိ

ခွာပီးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့တွင် တစ်ဦးသေဆုံးခဲ့ပြီး ယနေ့နံနက်တွင် တစ်ဦး ထပ်မံသေဆုံးခဲ့ရကြောင်း၊ ပြည်သူအချို့ပါဝင်ပြီး CDF ရဲဘော်အချို့ အကျအဆုံးရှိသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေများ သတင်းမရသေးဟု ၎င်းက ဆိုသည်။

(မေလ ၅ရက်က ဟားခါးနယ်ရှိ မာလ်ဆောင်မ်ရွာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)
(မေလ ၅ရက်က ဟားခါးနယ်ရှိ မာလ်ဆောင်မ်ရွာအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ကို အဝေးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Journal)

▪️တိုက်ပွဲဖြစ်ပွားရာနေရာသို့လည်း ရဟတ်ယာဉ်ဖြင့် ခဲယမ်းဖြည့်တင်း

ချင်းပြည်နယ် ဟားခါးမြို့နယ်ရှိ ခွာပီးကျေးရွာကို စစ်ကောင်စီတပ်က မေလ ၈ရက် ညနေပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားအချို့သေဆုံးခဲ့ပြီး ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ အကျအဆုံးရှိသည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ခွာပီးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့တွင် တစ်ဦးသေဆုံးခဲ့ပြီး ယနေ့နံနက်တွင် တစ်ဦး ထပ်မံသေဆုံးခဲ့ရကြောင်း၊ ပြည်သူအချို့ပါဝင်ပြီး CDF ရဲဘော်အချို့ အကျအဆုံးရှိသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေများ သတင်းမရသေးဟု ၎င်းက ဆိုသည်။

“သူတို့က ချင်းတောင်က လေကြောင်းနဲ့ပဲ ပြည်သူကို မဲပြီး လုပ်လာတာကို တွေ့ရတာပေါ့။ အဲဒါတွေလုပ်ချင်လို့ စစ်အုပ်ချုပ်ရေးလို့ ကြေညာလိုက်တာ”ဟု ဆလိုင်းထက်နီက ပြောသည်။

တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ဟားခါးမြို့နယ် မာလ်ဆောမ်ရွာအနီး၌လည်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ခဲယမ်းဖြည့်တင်းလျက်ရှိသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဂန့်ဂေါဘက်ကနေ တက်လာတဲ့စစ်ကြောင်းက ဟားခါးဘက် တိုးဖို့ မာဆောင်ကျေးရွာကနေ မထွက်ခင်မှာ သူတို့ ကျည်ဆံတွေလာဖြည့်တယ်။ ရဟတ်ယာဉ် တစ်စီးပေါ့။ သူတို့ ပစ္စည်းချတဲ့အချိန်ကျနော်တို့ ပစ်ခတ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ထိုသို့ ပစ်ခတ်ခဲ့၍ ရဟတ်ယာဉ်ပေါ်မှ အိတ်ကြီး နှစ်လုံးသာချသွားနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ကျည်ဆံလို့ထင်ရတဲ့ အိတ်ကြီးနှစ်အိတ်တို့ချသွားတာပေါ့” ဟုဆလိုင်းထက်နီက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်က ချင်းတပ်ဖွဲ့များရှိမည်ဟု ယူဆရသည့် နေရာများသို့ တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမရှိကြောင်း ၎င်းက ဆိုသည်။

ဟားခါးသို့ စစ်အင်အားဖြည့်တင်းရန် ဂန့်ဂေါနယ်မှတက်လာသည့် စစ်ကောင်စီတပ်၏ တပ်မ (၇၇) စစ်ကြောင်းကို ချင်းတပ်ဖွဲ့က တိုက်ခိုက်လျက်ရှိရာ မေလဆန်းအတွင်း တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုရှိပြီး လက်နက် ၁၀လက်ထက်မနည်းကိုချင်းတပ်ဖွဲ့က သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။