Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး နှစ်ဦးသေဟုဆို

ဖားကန့်မြို့၊အေးမြသာယာရပ်ကွက်ရှိ ညောင်ပင်ကုန်းအတက်တွင် ယင်းနေ့ ညနေက ၆နာရီခန့် က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဟု ဒေသခံများက ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်မြို့တွင် ဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသည့် ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်မြို့တွင် ဆန္ဒပြသူများအား ဖြိုခွင်းရန် ပြင်ဆင်နေသည့် ရဲများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယမန်နေ့(မေလ ၉ ရက်) ညနေက စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့၊အေးမြသာယာရပ်ကွက်ရှိ ညောင်ပင်ကုန်းအတက်တွင် ယင်းနေ့ ညနေက ၆နာရီခန့် က စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဟု ဒေသခံများက ပြောသည်။

“စစ်တပ်ကကောင်တွေက ပြည်သူတွေကို တားဆီးပြီး စစ်နေတာ။ နေရာတော်‌တော်များများစစ် တယ်။ ညောင်ပင်ကုန်းအတက်မှာတော့ မိုင်းခွဲခံရတယ်။ နှစ်ကောင်သေတာ သေချာတယ်။ မျက်မြင်တွေ့ရတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

သို့သော် မည်သည့်အဖွဲ့က ဖောက်ခွဲတိုက်ခိုက်သည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

ယမန်‌နေ့ည ၉ နာရီခန့်ကလည်း ဖားကန့်မြို့ ကျောက်သွေတောင်လမ်းဆုံတွင် ပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ည ၁၁နာရီခန့်တွင် ဖားကန့်မြို့ ဆိပ်မူရဲကင်းဘက်မှ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။