Connect with us

Hi, what are you looking for?

သတင်း

ကင်းပတ်လာသည့်စစ်သားနှစ်ဦးအား ခင်ဦးပကဖ က ပစ်ခတ်ရှင်းလင်းပြီး သေနတ်နှစ်လက်ပါရရှိ

(သိမ်းဆည်းရမိခဲ့သော သေနတ်နှစ်လတ်အားတွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(သိမ်းဆည်းရမိခဲ့သော သေနတ်နှစ်လတ်အားတွေ့ရစဥ်။ ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ကင်းပတ်လာသည့်စစ်ကောင်စီတပ်သားနှစ်ဦးအား ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး သေနတ်နှစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ခင်ဦးပကဖအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (မေလ ၁၀ ရက်နေ့) မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်က ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတား တပ်စွဲထားသော စစ်ကောင်စီတပ်မှ စစ်သား၂ဦးသည် ခင်ဦး-ရေးဦး ကားလမ်းပေါ်သို့ ရောက်ရှိလာစဉ် ဒေသတွင်းတော်လှန်ရေးရဲဘော်များနှင့် ထိပ်တိုက်တွေ့ကာ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း ခင်ဦးပကဖအဖွဲ့က အသိပေးသည်။

တိုက်ပွဲချိန် (၃)မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သားနှစ်ဦးလုံးကို အသေပစ်ခတ်နိုင်ခဲ့ကာ ၎င်းတို့ကိုင်ဆောင်လာသော MA 1- ၁လက်၊ AK 47-၁လက်၊ 5.56 ကျည်-၁၅တောင့်၊ ကျည်ဘောက် (၃)ဘောက်စသည့် ပစ္စည်းများအားသိမ်းဆည်းနိုင်ခဲ့ကြောင်း ခင်ဦးပကဖအဖွဲ့ကဆိုသည်။

Public Service Announcement
Public Service Announcement

“ခုနောက်ပိုင်းကာကွယ်ရေးအဖွဲ့တွေက စခန်းသိမ်းတာတွေများလာတော့ သူတို့တပ်စွဲရာကင်းစခန်းအနီးမှာ ကင်းပုန်းဝပ်ကြတာနဲ့တူတယ်။ သူတို့ကရေဦး-ခင်ဦးကားလမ်းပေါ်တက်လာတာ။ အဲဒီအချိန်မှာ မြို့နယ်ပကဖတွေနဲ့ Local မဟာမိတ်တွေပေါင်းပြီး တိုက်ပွဲဖြစ်ကြတာ။ ၃ မိနစ်လောက်ကြာတယ်။ အဲနှစ်ကောင်အလောင်းက ခုချိန်ထိလာမကောက်သေးဘူး။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ဆင်ရေးကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြို့နယ် ပကဖ)၊ နယ်မြေခံ ကာကွယ်ရေးအဖွဲ့ (LDF)များမှရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ခင်ဦးမြို့ပေါ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း နယ်ထိန်းခေါင်းဆောင်တစ်ဦးအား ပစ်ခတ်ရှင်းလင်းပြီး G3 လက်နက်တစ်လတ် သိမ်းဆည်းရမိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ် -ဟားခါး(CDF - Hakha) ဆီအာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးတပ်မ ၇၇ လက်အောက်ခံတပ်က တပ်သားနှစ်ဦး ဘက်ပြောင်းလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့ ရဲ့ ဖော်ပြချက်အရသိရပါတယ်။