Connect with us

Hi, what are you looking for?

သတင်း

ရာဇာဂြိုလ်ရွာ၌ ယနေ့ တိုက်ပွဲပြင်းထန်၊ ကလေး PDFမှ ရဲဘော်တစ်ဦး ကျဆုံး

ရာဇာဂြိုလ်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့ (မေလ ၁၁ရက်) နံနက် ၅ နာရီခန့်က ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး PDF)က တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

(ကလေး PDFမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - ကလေး PDF)
(ကလေး PDFမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - ကလေး PDF)

စစ်ကိုင်းတိုင်း ကလေးမြို့ ရာဇာဂြိုလ်ကျေးရွာ၌ ယနေ့နံနက်ဖြစ်ပွားသောတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရာဇာဂြိုလ်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့ (မေလ ၁၁ရက်) နံနက် ၅ နာရီခန့်က ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး PDF)က တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“တိုက်ပွဲပြင်းထန်နေချိန်မှာ ဂျက်ဖိုက်တာနဲ့လည်းလာပစ်တယ်။ မြေပြင်က‌နေလည်း သံချပ်ကာကားတွေနဲ့ လာပါတယ်။ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့ပါတယ်။ သူ့အတွက် ကျွန်နော်တို့ အလုပ်တွေလုပ်သွားမယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ကျဆုံးခဲ့သည့်ရဲဘော်မှာ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး PDF)မှ ရဲဘော်ကျော်ကြီး ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို လက်တလောမသိရှိရသေးပေ။ ယမန်နေ့က ကလေးမြို့တောင်ပိုင်းရောက်ရှိလာသော စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ် စစ်ကောင်စီဘက်မှ သေဆုံးသူများရှိခဲ့သည်ဟု သတင်းရရှိသည်။ ထို့နောက် မေလ ၁၀ရက်ညတွင် ကလေးမြို့တောင်ပိုင်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်ပစ်သော လက်နက်ကြီးကျည် ငါးလုံးသည်လက်ပံချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ