Connect with us

Hi, what are you looking for?

သတင်း

ခိုင်ကမ်းရဲစခန်းနှင့် ကလေးမြို့တက္ကသိုလ်မုဒ်ဦးအနီး တစ်မိုင်ပတ်လည်မှ ပြည်သူများအရေးပေါ် ပြောင်းရွှေ့ရန် ကာကွယ်ရေးတပ်များ သတိပေး

မေ ၁၀ ရက်၊နံနက် ၁၀ နာရီနောက်ပိုင်းအထိ မပြောင်းရွှေ့သေးသည် ပြည်သူများအနေဖြင့် ထိခိုက်မှုတစုံတရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း CDF-CDM (စီးယင်း)က ထုတ်ပြန်ထားသည်။

(CDF- CDM(စီးယင်း)နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF)
(CDF- CDM(စီးယင်း)နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF)

ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးမြို့တက္ကသိုလ်မုဒ်ဦးအနီး တစ်မိုင်ပတ်လည်ရှိ ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ကြရန် CDF- CDM(စီးယင်း)က ယနေ့ထုတ်ပြန်လိုက်သည်။

ထိုနှစ်နေရာရှိ ပြည်သူများအနေဖြင့်မေ၁၀ရက်(မနက်ဖြန်)နံနက် ၁၀နာရီနောက်ဆုံးထား ပြောင်းရွှေ့ပေးရန်လည်း CDF-CDM (စီးယင်း)က အသိ​ပေးသည်။

“ပြည်သူတွေ အမြန်ဆုံး ပြောင်းပေးကြပါ။ ဒါက ပြည်သူတွေအတွက်ပါ”ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သတ်ပြီး CDF-CDM (စီးယင်း)ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မှတ်ချက်ရယူနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

မေ ၁၀ ရက်၊နံနက် ၁၀ နာရီနောက်ပိုင်းအထိ မပြောင်းရွှေ့သေးသည် ပြည်သူများအနေဖြင့် ထိခိုက်မှုတစုံတရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း CDF-CDM (စီးယင်း)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ​မေ ၈ ရက်ညနေပိုင်းကဟားခါးမြို့နယ်အတွင်းရှိ CDF(Senthang) ရုံးတစ်ခုကို လေကြောင်းက တိုက်ခိုက်ခဲ့သဖြင့် CDF(Senthang)မှကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။