Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခိုင်ကမ်းရဲစခန်းနှင့် ကလေးမြို့တက္ကသိုလ်မုဒ်ဦးအနီး တစ်မိုင်ပတ်လည်မှ ပြည်သူများအရေးပေါ် ပြောင်းရွှေ့ရန် ကာကွယ်ရေးတပ်များ သတိပေး

မေ ၁၀ ရက်၊နံနက် ၁၀ နာရီနောက်ပိုင်းအထိ မပြောင်းရွှေ့သေးသည် ပြည်သူများအနေဖြင့် ထိခိုက်မှုတစုံတရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း CDF-CDM (စီးယင်း)က ထုတ်ပြန်ထားသည်။

(CDF- CDM(စီးယင်း)နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF)
(CDF- CDM(စီးယင်း)နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-CDF)

ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးမြို့တက္ကသိုလ်မုဒ်ဦးအနီး တစ်မိုင်ပတ်လည်ရှိ ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ကြရန် CDF- CDM(စီးယင်း)က ယနေ့ထုတ်ပြန်လိုက်သည်။

ထိုနှစ်နေရာရှိ ပြည်သူများအနေဖြင့်မေ၁၀ရက်(မနက်ဖြန်)နံနက် ၁၀နာရီနောက်ဆုံးထား ပြောင်းရွှေ့ပေးရန်လည်း CDF-CDM (စီးယင်း)က အသိ​ပေးသည်။

“ပြည်သူတွေ အမြန်ဆုံး ပြောင်းပေးကြပါ။ ဒါက ပြည်သူတွေအတွက်ပါ”ဟု ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သတ်ပြီး CDF-CDM (စီးယင်း)ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မှတ်ချက်ရယူနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

မေ ၁၀ ရက်၊နံနက် ၁၀ နာရီနောက်ပိုင်းအထိ မပြောင်းရွှေ့သေးသည် ပြည်သူများအနေဖြင့် ထိခိုက်မှုတစုံတရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း CDF-CDM (စီးယင်း)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ​မေ ၈ ရက်ညနေပိုင်းကဟားခါးမြို့နယ်အတွင်းရှိ CDF(Senthang) ရုံးတစ်ခုကို လေကြောင်းက တိုက်ခိုက်ခဲ့သဖြင့် CDF(Senthang)မှကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးပြီး ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။