Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးတွင် KNLA ပူးပေါင်းတပ်ကြားဖြတ်တိုက်ခိုက်၍စစ်ကောင်စီတပ်မှ ၈ဦးသေ၊ ၅ဦးအရှင်မိဟု ထုတ်ပြန်

မေလ ၉ရက်နေ့၊ ညနေ ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရက်ဖော်ရွာ – တညင်ရွာကြားတွင် ရိက္ခာပို့လာသော စကခ ၁၉လက်အောက်ခံတပ်နှင့် BGF ပူးပေါင်းတပ် အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(စစ်​ကောင်စီတပ်ကားတစ်စီးတိုက်ခိုက်ခံရပြီး​နောက်မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-SDDF)
(စစ်​ကောင်စီတပ်ကားတစ်စီးတိုက်ခိုက်ခံရပြီး​နောက်မီး​လောင်ကျွမ်း​နေစဥ်။ဓါတ်ပုံ-SDDF)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီ ရိက္ခာပို့ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Saw Dragon Drone Forceက ယနေ့ ထုတ်ပြန်သည်။

မေလ ၉ရက်နေ့၊ ညနေ ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရက်ဖော်ရွာ – တညင်ရွာကြားတွင် ရိက္ခာပို့လာသော စကခ ၁၉လက်အောက်ခံတပ်နှင့် BGF ပူးပေါင်းတပ် အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

အင်အား ၈၀ကျော်ပါသည့် စစ်ကောင်စီ ပူးပေါင်းတပ်ကို KNLA တပ်ရင်း(၁၆) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့ စစ်ကား တစ်စီး ဗုံးသီး ၂လုံး ထိမှန် မီးလောင် ပျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ ယာဉ်ပေါ်ပါ ၆ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးတစ်ခုလုံးတွင် ရန်သူ့ကား ၂စီး ပျက်စီးကာ ရန်သူ ၈ဦး သေဆုံးပြီး ၅ဦး အရှင်ဖမ်းမိကြောင်း ဖော်ပြထားသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

Public Service Announcement

Public Service Announcement

စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် Saw Dragon Drone Force အဖွဲ့နှင့် ကြာအင်းဆိပ်ကြီးရှိ တော်လှန်ရေး ရဲဘော်အချို့ထံဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

Facebook