Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းကြောင့် ရခိုင်ဒေသ အိုးအိမ်ပျက်စီးမှုများရှိသော်လည်း လူသေဆုံးမှု မကြားရသေး

မုန်တိုင်းအပြီး ယနေ့နံနက်တွင် ဒေသခံအချို့နှင့် ဒေသတွင်း သတင်းအချို့ကလည်း စစ်တွေမြို့၏ ထိခိုက်ပျက်စီးမှု ဓာတ်ပုံမှတ်တမ်းများကို ဖော်ပြထားသည်။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျော်တော်၊ဂွမြို့နယ်တို့ရှိ မြင်ကွင်းများ။ ဓာတ်ပုံ - Khaing Ko Zin၊ Ko Gyi Kyaw၊ CJ)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျော်တော်၊ဂွမြို့နယ်တို့ရှိ မြင်ကွင်းများ။ ဓာတ်ပုံ - Khaing Ko Zin၊ Ko Gyi Kyaw၊ CJ)

▪️ဖုန်းလိုင်းပြတ်တောက်မှုရှိ၊ နယ်မြို့များတွင် ဆက်သွယ်ရေး ပြတ်တောက်နေ

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ဒေသမြို့နယ်အများအပြား နေအိမ်ပျက်စီးမှု၊ သစ်ပင်များ ပြိုလဲမှုများရှိသော်လည်း လူသေဆုံးမှု အခြေအနေကိုမကြားရသေးကြောင်း ဒေသခံသတင်းရင်းများက ပြောသည်။

မုန်တိုင်းတိုက်ခိုက်မှုအပြီး စစ်တွေ၊ တောင်ကုတ်၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဍားကျွန်း၊ သံတွဲ၊ မောင်တောမြို့နယ်များ၌ မြို့ပေါ်နှင့် နယ်ဘက်ရှိ ပြည်သူလူထုနေအိမ်များပျက်စီးမှု၊ သစ်ပင်ပြိုလဲမှုများ ရှိကြောင်း ဒေသခံများနှင့် ဒေသတွင်း သတင်းဌာနများက အသိပေးသည်။ ပေါက်တော၊ မြေပုံမြို့နယ်များတွင်လည်း ထိခိုက်ပျက်စီးမှုများရှိနိုင်ပြီး အဆိုပါ ဒေသရှိ ဒေသခံများထံဆက်သွယ်ရာ အဆက်အသွယ်မရပေ။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျော်တော်၊ဂွမြို့နယ်တို့ရှိ မြင်ကွင်းများ။ ဓာတ်ပုံ - Khaing Ko Zin၊ Ko Gyi Kyaw၊ CJ)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျော်တော်၊ဂွမြို့နယ်တို့ရှိ မြင်ကွင်းများ။ ဓာတ်ပုံ – Khaing Ko Zin၊ Ko Gyi Kyaw၊ CJ)

“လက်ရှိကတော့ အင်တာနက်က မရဘူး။ MPTရယ် တယ်လီနောရယ် ဖုန်းလိုင်းတွေက အဆင်မပြေဘူး။ မိုင်တဲတစ်ခုပဲ ရတယ်”ဟု မင်းပြားဒေသခံက မုန်တိုင်းကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု အခြေအနေကို ပြောပြသည်။

Public Service Announcement
Public Service Announcement

မင်းပြားမြို့ပေါ်တွင် သစ်ပင်များ၊ ဓာတ်တိုင်များ ပြိုလဲမှုရှိပြီး နေအိမ်အဆောက်အဦး ပျက်စီးမှု ရှိသော်လည်း လူသေဆုံးထိခိုက်မကြားရဟု မင်းပြားဒေသခံက ပြောသည်။

“မြို့ပေါ်မှာတော့ လူအသေအပျောက်တွေမရှိဘူး။တောဖက်က သတင်းတွေဘာတစ်ခုမှ မရသေးပါဘူး။ ထိခိုက်မယ်ဆိုရင် နယ်တွေက ပိုထိခိုက်ဖို့များတယ်။ ပင်လယ်နဲ့ နီးတာကိုး”ဟု မင်းပြားဒေသခံက ပြောသည်။

မုန်တိုင်း မဝင်ရောက်မီ မေလ ၁၄ရက် မတိုင်ခင်ကတည်းက ဒေသခံများကြိုတင်ရှောင်ရှားမှုများရှိသည်ဟု ဆိုသည်။

(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျော်တော်၊ဂွမြို့နယ်တို့ရှိ မြင်ကွင်းများ။ ဓာတ်ပုံ - Khaing Ko Zin၊ Ko Gyi Kyaw၊ CJ)
(မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျော်တော်၊ဂွမြို့နယ်တို့ရှိ မြင်ကွင်းများ။ ဓာတ်ပုံ – Khaing Ko Zin၊ Ko Gyi Kyaw၊ CJ)

စစ်တွေ မြို့ခံတစ်ဦးကလည်း စစ်တွေမြို့၌ အပျက်အစီးများစွာရှိသော်လည်း လူသေဆုံးမှု မကြားမိဟု အသိပေးသည်။

မုန်တိုင်းအပြီး ယနေ့နံနက်တွင် ဒေသခံအချို့နှင့် ဒေသတွင်း သတင်းအချို့ကလည်း စစ်တွေမြို့၏ ထိခိုက်ပျက်စီးမှု ဓာတ်ပုံမှတ်တမ်းများကို ဖော်ပြထားသည်။