Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲတွင် စစ်​ကောင်စီတပ်စစ်​ကြောင်းကို KA နှင့် KNDF ကြားဖြတ်တိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား အချိန်မရွေးထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်၍ ဘောလခဲ- ရွာသစ်လမ်းမကြီးအား ပြည်သူများအသုံးပြု၍ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ရန်လည်း KNDF က မေတ္တာရပ်ခံထားသည်။ ​

(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော​သေနတ်နှင့် ကရင်နီစစ်​ရေးအ​ခြေအ​နေပြ ​မြေပုံ။ဓါတ်ပုံ-KNDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော​သေနတ်နှင့် ကရင်နီစစ်​ရေးအ​ခြေအ​နေပြ ​မြေပုံ။ဓါတ်ပုံ-KNDF)

ကရင်နီ(ကယား)ပြည်နယ် ဘောလခဲ-ရွာသစ် လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ကို ​​မေလလ ၉ ရက် ညနေပိုင်းက ကရင်နီအမျိုးသားကာကွယ်​ရေးတပ်မ​တော် (KNDF )နှင့် ကရင်နီတပ်မတော် (KA) တို့ က ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့​ကြောင်း KNDF မှတာဝန်ရှိသူက​ပြောသည်။

“၁၂ မိုင်ကုန်းမှာက စစ်ကောင်စီစခန်းကုန်းတစ်ခုရှိတယ်။အဲဒီနေရာကို ၈ ရက်နေ့(​မေ ၈)က အင်အား ၃၀ လောက်နဲ့ စစ်ကြောင်းဝင်လာတာကို ဖြတ်တိုက်တာ။ အနည်းဆုံးငါးဦးသေတယ်ဆိုတာ အတည်ပြုလို့ရတယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ​ပြောသည်။

(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော​သေနတ်နှင့် ကရင်နီစစ်​ရေးအ​ခြေအ​နေပြ ​မြေပုံ။ဓါတ်ပုံ-KNDF)
(စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သော​သေနတ်နှင့် ကရင်နီစစ်​ရေးအ​ခြေအ​နေပြ ​မြေပုံ။ဓါတ်ပုံ-KNDF)

ဘောလခဲမြို့မှ (၁၂)မိုင်ကုန်း ဖက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များကို ဘောလခဲ-(၁၂) မိုင်ကုန်း ကြားလမ်းတစ်နေရာတွင် ပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲမှာ နာရီဝက်နီပါးကြာ မြင့်ခဲ့သည်။တိုက်ပွဲတွင် စစ်သား အနည်းဆုံးငါးဦးထက်မနည်းသေဆုံးပြီးMA-1 အမျိုးအစားသေနတ် (၁)လက် နှင့်အတူ ကျည်များ ၊ လက်ပစ်ဗုံး (၂) လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂၁ က ယနေ့ (​မေ ၁၆)ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် မေလ (၈)ရက်နေ့မှစ၍ ဘောလခဲမြို့မှ အင်အားအများအပြားဖြင့် (၁၂)မိုင်ကုန်း ၊ ဝမ်မလန်းကျေးရွာ များဖက်သို့ စစ်ကြောင်းများထိုးနေသဖြင့် ​မေ ၁၆ အထိ တိုက်ပွဲများ ကြိုကြား ဖြစ်ပွားလျှက်ရှိကြောင်းလည်းသိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီမှ လေကြောင်း အသုံးပြု၍ ဗုံးကျဲတိုက်ခိုက် ခြင်းများကိုပါ ပြုလုပ်​နေ​ကြောင်း KNDF တပ်ဖွဲ့ဝင်အချို့က​ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များအကြား အချိန်မရွေးထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်၍ ဘောလခဲ- ရွာသစ်လမ်းမကြီးအား ပြည်သူများအသုံးပြု၍ ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ရန်လည်း KNDF က မေတ္တာရပ်ခံထားသည်။ ​

​မေလ ၁ ရက်နေ့က ကရင်နီ(ကယား)ပြည်နယ်၊ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီတပ်စွဲထားသော နေရာလေးခုကို ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးထက်မနည်း သေဆုံးပြီးလက်နက်နှစ်လက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။