Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ (၁၇)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး လေးဦးဒဏ်ရာရ

ယခုလ ၁ ရက်က ဘောလခဲမြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော နေရာလေးခုကို ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း တိုက်ခိုက်ခဲ့ရာ လက်နက်နှစ်လက်ရရှိပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်။

(ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စောလုံကျေးရွာမှ ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စောလုံကျေးရွာမှ ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း ဘောလခဲ PDFက ပြောသည်။

ယနေ့(မေလ ၁၇ရက်) နံနက် ၄ နာရီခန့်က စစ်ကောင်စီ၏ ဗုံးကြဲမှုဖြစ်စဉ်မှာ စောလုံကျေးရွာ သို့ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်မှုအပြင် ကျေးရွာဆေးပေးခန်း အဆောက်အဦး နှစ်လုံးနှင့် နေအိမ် ခြောက်လုံး ပျက်ဆီးခဲ့သည်။ထို့အတူ ဘုန်းကြီး ကျောင်းတစ်ကျောင်းလည်း အနည်းငယ် ထိခိုက်ခဲ့သည်။

(ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စောလုံကျေးရွာမှ ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စောလုံကျေးရွာမှ ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ဘောလခဲခရိုင်အတွင်း လူ‌နေကျေးရွာများအား စစ်ကောင်စီမှ လေယာဉ်ဗုံးကြဲမှုဖြစ်စဉ် သုံးကြိမ် အထိရှိလာပြီဖြစ်ရာ ပြည်သူများအနေဖြင့် လေကြောင်းရန်ကာကွယ်မှုကို ဂရုတစိုက် ပြင်ဆင်သင့်ပြီဖြစ်ကြောင်း ဘောလခဲ PDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

(ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စောလုံကျေးရွာမှ ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စောလုံကျေးရွာမှ ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

“အခုက ဘောလခဲမှာ တိုက်ပွဲက မကြာခဏ ဖြစ်နေတာ။ ဒါပေမယ်လို့ ဒီမနက်က စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတဲ့နေရာက တိုက်ပွဲမရှိဘူး။ရမ်းသမ်းပြီး ဗုံးကြဲတာလို့ ပြောလို့ရတယ်။ဒီလိုမှမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်တယ်ဆိုရင်တော့ လူထုအပေါ်အကြမ်းဖက်တာပဲ။ဒါလည်း ကြားနေရတဲ့သူတွေအတွက် ရိုးလာနေပြီ။ခံစားနေရတာတော့ ကျွန်တော်တို့ ပြည်နယ်မှာ တော်တော်ဆိုးတယ်”ဟု ဘောလခဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စောလုံကျေးရွာမှ ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စောလုံကျေးရွာမှ ပျက်စီးခဲ့သည့် အဆောက်အဦးများအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ယခုလ ၁ ရက်က ဘောလခဲမြို့အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသော နေရာလေးခုကို ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း တိုက်ခိုက်ခဲ့ရာ လက်နက်နှစ်လက်ရရှိပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်။

Public Service Announcement
Public Service Announcement

မကြာသေးမီရက်ပိုင်းကလည်း ဘောလခဲ-ရွာသစ် လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အနည်းဆုံးငါးဦးသေဆုံးကာ လက်နက်တစ်လက်နှင့် ခဲယမ်းအချို့ရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၂၁က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။