Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် လူပုဂ္ဂိုလ် ၂၄ ဦးနှင့် စီးပွားရေးလုပ်ငန်းတစ်ခုကို ဆွစ်ဇာလန် ဒဏ်ခတ်အရးယူ

ဆွစ်ဇာလန်သည် ဆီးရီးယားနှင့် အီရန်တို့ကို အရေးယူပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းကြောင်း ကြေညာခဲ့သည့်တပြိုင်နက် မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ်နှင့်ဆက်စပ်သူများကိုလည်း ပိတ်ဆို့ဒဏ်ခတ်သည့်စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ- Politino
ဓါတ်ပုံ- Politino

အာဏာသိမ်းစစ်တပ်အရာရှိများနှင့် စစ်ကောင်စီအဖွဲ့ဝင်များပါဝင်သော လူပုဂ္ဂိုလ် ၂၄ ဦးနှင့် စီးပွားရေးလုပ်ငန်းတစ်ခုကို အရေးယူပိတ်ဆို့ကြောင်း ဆွစ်ဇာလန်အစိုးရက မေလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆွစ်ဇာလန်သည် ဆီးရီးယားနှင့် အီရန်တို့ကို အရေးယူပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းကြောင်း ကြေညာခဲ့သည့်တပြိုင်နက် မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ်နှင့်ဆက်စပ်သူများကိုလည်း ပိတ်ဆို့ဒဏ်ခတ်သည့်စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ဆွစ်ဇာလန်၏ ယခုတကြိမ်ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းတွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ ကာကွယ်ရေးဝန်ကြီး မြထွန်းဦး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး တင်အောင်စန်း အပါအဝင် စစ်ကောင်စီဝန်ကြီး ၇ ဦး၊ ဒုတိယဝန်ကြီး တစ်ဦးတို့ ပါဝင်သည်။ အာဏာသိမ်းစစ်တပ်၏ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးပါဝင်ပြီး အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး အောင်အောင်နှင့် အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ခင်လှိုင်တို့ကိုလည်း ဆွစ်ဇာလန်က အရေးယူဒဏ်ခတ်သည်။

အလားတူ ဆွစ်ဇာလန်သည်FPJVC( Forest Products Joint Venture Cooperation လီမိတက်)ကိုလည်း အရေးယူပိတ်ဆို့ကြောင်း ကြေညာသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချသော ဆွစ်ဇာလန်သည် ၂၀၂၁ ဧပြီတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုတိယခေါင်းဆောင် စိုးဝင်တို့အပါအဝင် လူပုဂ္ဂိုလ် ၁၁ ဦးကို အရေးယူဒဏ်ခတ်သည်။ ယင်းနှစ် ဇူလိုင်တွင် ရှေ့နေချုပ်၊ စစ်ကောင်စီဝန်ကြီး လေးဦး၊ ဒုတိယဝန်ကြီး သုံးဦး စုစုပေါင်း ရှစ်ဦးကို ထပ်မံပိတ်ဆို့အရေးယူခဲ့သည်။

ကိုးကား-European Sanctions News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။