Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ​၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးဝန်ကြီးတို့အပါအဝင် လူပုဂ္ဂိုလ် ၂၄ ဦးနှင့် စီးပွားရေးလုပ်ငန်းတစ်ခုကို ဆွစ်ဇာလန် ဒဏ်ခတ်အရးယူ

ဆွစ်ဇာလန်သည် ဆီးရီးယားနှင့် အီရန်တို့ကို အရေးယူပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းကြောင်း ကြေညာခဲ့သည့်တပြိုင်နက် မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ်နှင့်ဆက်စပ်သူများကိုလည်း ပိတ်ဆို့ဒဏ်ခတ်သည့်စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ- Politino
ဓါတ်ပုံ- Politino

အာဏာသိမ်းစစ်တပ်အရာရှိများနှင့် စစ်ကောင်စီအဖွဲ့ဝင်များပါဝင်သော လူပုဂ္ဂိုလ် ၂၄ ဦးနှင့် စီးပွားရေးလုပ်ငန်းတစ်ခုကို အရေးယူပိတ်ဆို့ကြောင်း ဆွစ်ဇာလန်အစိုးရက မေလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆွစ်ဇာလန်သည် ဆီးရီးယားနှင့် အီရန်တို့ကို အရေးယူပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းကြောင်း ကြေညာခဲ့သည့်တပြိုင်နက် မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ်နှင့်ဆက်စပ်သူများကိုလည်း ပိတ်ဆို့ဒဏ်ခတ်သည့်စာရင်းတွင် ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်သည်။

ဆွစ်ဇာလန်၏ ယခုတကြိမ်ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းတွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး သန်းဆွေ၊ ကာကွယ်ရေးဝန်ကြီး မြထွန်းဦး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး တင်အောင်စန်း အပါအဝင် စစ်ကောင်စီဝန်ကြီး ၇ ဦး၊ ဒုတိယဝန်ကြီး တစ်ဦးတို့ ပါဝင်သည်။ အာဏာသိမ်းစစ်တပ်၏ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးပါဝင်ပြီး အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး အောင်အောင်နှင့် အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ခင်လှိုင်တို့ကိုလည်း ဆွစ်ဇာလန်က အရေးယူဒဏ်ခတ်သည်။

အလားတူ ဆွစ်ဇာလန်သည်FPJVC( Forest Products Joint Venture Cooperation လီမိတက်)ကိုလည်း အရေးယူပိတ်ဆို့ကြောင်း ကြေညာသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချသော ဆွစ်ဇာလန်သည် ၂၀၂၁ ဧပြီတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုတိယခေါင်းဆောင် စိုးဝင်တို့အပါအဝင် လူပုဂ္ဂိုလ် ၁၁ ဦးကို အရေးယူဒဏ်ခတ်သည်။ ယင်းနှစ် ဇူလိုင်တွင် ရှေ့နေချုပ်၊ စစ်ကောင်စီဝန်ကြီး လေးဦး၊ ဒုတိယဝန်ကြီး သုံးဦး စုစုပေါင်း ရှစ်ဦးကို ထပ်မံပိတ်ဆို့အရေးယူခဲ့သည်။

ကိုးကား-European Sanctions News

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။