Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် ‌ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်အား ငါးရက်အတွင်းသုံးကြိမ်တိုက်ခို​က်

မေလ ၁၉ ရက် နေ့လည် ၂နာခန့်က ရွှေဘိုမြို့နယ်၊ ကိုးပင်ရွာလမ်းခွဲတွင် ကင်းပုန်းဝပ်နေသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီး ၁၀လုံး ပစ်ခတ်ပြီး ဒရုန်းဖြင့်သုံး ကြိမ်တိုင် ​ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပစ်ခတ်နေစဥ်)
(စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပစ်ခတ်နေစဥ်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်အား ငါးရက်အတွင်း သုံးကြိမ်တိုက်ခို​က်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။

မေလ ၁၉ ရက် နေ့လည် ၂နာခန့်က ရွှေဘိုမြို့နယ်၊ ကိုးပင်ရွာလမ်းခွဲတွင် ကင်းပုန်းဝပ်နေသော အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ကြီး ၁၀လုံး ပစ်ခတ်ပြီး ဒရုန်းဖြင့်သုံး ကြိမ်တိုင် ​ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။

မေလ ၁၄ ရက် နံနက် ၇ နာရီခွဲခန့်ကလည်း ဝက်လက်မြို့နယ်၊ ဟံလင်းရွာမှ စစ်ကြောင်းထွက်လာသော အင်အား ၈၀ ဦးခန့်ပါ စစ်ကောင်စီတပ်အား ရွှေဘိုမြို့နယ် ကံကြီးတောကျေးရွာ အနီးအရောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အထက်ပါတပ်ဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ ထိခိုက်မှု‌အခြေအနေကို အတည်မပြုနိုင်သေးဘဲ အဆိုပါ တိုက်ပွဲတွင် ကားတစ်စီးနှင့် မိုင်း ခုနစ်လုံးဆုံးရှုံးခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုနေ့ နံနက် ၁၁ နာရီခွဲခန့်ကလည်း အင်အား ၈၀ပါ စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ်၊ ဆည်ကြီးရွာ စာသင်ကျောင်းအနီး၌ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း BLACK WOLF – ARMY တပ်ဖွဲ့က ပြောသည်။

“ကားဆုံးရှုံးခဲ့ရတာက စစ်ကြောင်းနဲ့ထိပ်တိုက်တိုးလို့ပါ။ ကျွန်တော်တို့ တစ်လအတွင်း ၁၂ကြိမ်ရှိပြီ တိုက်ပွဲဖြစ်တာ။ ရွှေဘိုနဲ့ဝက်လက်နယ်အတွင်းပါ။ စစ်ကြောင်းတွေက ဟံလင်းရွာကထွက်လာတဲ့စစ်ကြောင်းပါ။”ဟု BLACK WOLF – ARMY တပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။

ထိုနေ့က စစ်ကောင်စီတပ်သည် ဆည်ကြီးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ကားတစ်စီးအား မီးရှို့ဖျက်ဆီးပြီး ရွှေဘိုလေ့ကျင့်ရေး (၈)အတွင်းသို့ ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးများအား BLACK WOLF – ARMYတပ်ဖွဲ့နှင့် Who am i – Army တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကံကြီးတောရွာ မြောက်ဘက်ဖြစ်စဥ်တွင် တိုယ်နယ် ပကဖ (၄)ကလည်း ပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook