Connect with us

Hi, what are you looking for?

သတင်း

KNU မူးမြို့နယ် နောင်ကုန်းရွာကို စစ်ကောင်စီ ဒရုန်းဖြင့် တိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

KNU မူးမြို့နယ် ညောင်ပင်သာရွာမှ ဒေသခံ ၂၀ခန့်ကို စစ်ကောင်စီတပ်က မေလ ၁၀ ရက်တွင် မီးရှို့သတ်ဖြတ်ခဲ့သည့်နေ့မှစ၍ စစ်ကောင်စီတပ်၍ အကြမ်းဖက်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူအများအပြားရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

(ညောင်လေးပင်ခရိုင် မူးမြို့နယ် နောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်တိုက်ခိုက်၍ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(ညောင်လေးပင်ခရိုင် မူးမြို့နယ် နောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်တိုက်ခိုက်၍ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မူးမြို့နယ် နောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့၍ စာသင်ကျောင်းနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း KNUက သတင်းထုတ်ပြန်သည်။

မေလ ၂၁ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်က နောင်ကုန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် နေအိမ် နှစ်လုံး၊ ထင်းတဲ တစ်တဲနှင့် ရွာစာသင်ကျောင်း ပျက်စီးခဲ့ကြောင်း၊ နောင်ကုန်းရွာ၌ အိမ်ခြေ ၁၁၀ကျော်ရှိပြီး လူဦးရေ ၇၈၀ ကျော်ရှိရာ ရွာလုံးကျွတ် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

KNU မူးမြို့နယ် ညောင်ပင်သာရွာမှ ဒေသခံ ၂၀ခန့်ကို စစ်ကောင်စီတပ်က မေလ ၁၀ ရက်တွင် မီးရှို့သတ်ဖြတ်ခဲ့သည့်နေ့မှစ၍ စစ်ကောင်စီတပ်၍ အကြမ်းဖက်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူအများအပြားရှိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မူးမြို့နယ်အတွင်းရှိ ညောင်ပင်သာ၊ နောင်ချို၊ ဒိုက်ပုံ၊ မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ မြောင်းဦး၊ ရေအိုးစည်၊ ကော့ပြင်း၊ ကျောက်ကန်၊ နောင်ကုန်း၊ တောင်စု၊ စဝေ၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်းနှင့် တပ်ကုန်းစသည့် ကျေးရွာပေါင်း ၁၈ ရွာမှ ပြည်သူ ၂၂,၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များသည် ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ပစ်ခတ် ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ လူထုများကို ဖမ်းဆီးသတ်များခြင်းများ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။