Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၅)၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဟု အသိပေး

တပ်မဟာ(၅)သည် မေလ ၂၀ရက်ကလည်း ဖာပွန်ခရိုင်ရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ရာ BGFဘက်က အရာရှိအပါအဝင် ငါးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

(စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ရန်မျိုးအောင်ကျေးရွာရှိ နေအိမ်တစ်လုံး ထိမှန်မီးလောင်နေစဉ်။ ဓာတ်ပုံ - KNU)
(စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ရန်မျိုးအောင်ကျေးရွာရှိ နေအိမ်တစ်လုံး ထိမှန်မီးလောင်နေစဉ်။ ဓာတ်ပုံ - KNU)

▪️KNU တပ်မဟာ(၃)နယ်မြေရှိရွာများကို စစ်ကောင်စီတပ်ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ၏ပြောကြားနည်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်းတပ်မဟာ (၅)က ယမန်နေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မေလ ၂၃ရက်က မူတြော်(ဖာပွန်)ခရိုင်၊ လယ်မူပလောမြို့နယ်၊ ယိုဒိုခိုနှင့်ယူဂိုလော်ဒေသအတွင်းရှိအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအား ပြောက်ကျားနည်းဖြင့် ရှောင်တခင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်းတပ်မဟာ(၅)ဘက် က ထိခိုက်ဒဏ်ရာရမှုမရှိဟု အသိပေးသည်။

စစ်ကောင်စီတပ်ဘက်ကလည်း မေလ ၂၃ရက် တွင် ဒွယ်လိုးမြို့နယ် မထောကျေးရွာအုပ်စုအတွင်းရှိ ရွာများသို့ လက်နက်ကြီးများဖြင့် တမင်ရည်ရွယ်ပစ်ခတ်ခဲ့ရာ ဃော်ကလားကျေးရွာ အတွင်း လက်နက်ကြီးကျည် ၂လုံးကျရောက်ပေါက်ကွဲပြီး အသက် (၅၃)နှစ်အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့ပြင် ဖာပွန်မြို့မြောက်ဖက်ရှိ ကလော်ထာကျေးရွာအုပ်စုနှင့် ဘောသေထာကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီးကျည်(၁၄)လုံးပစ်ခတ်ခဲ့ကြောင်း ကလိုထီးကလိုးနှင့် ထူမောဒဲရွာရော်ဘာခြံများအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူထိခိုက်မှုမရှိကြောင်း ဖော်ပြသည်။

တပ်မဟာ(၅)သည် မေလ ၂၀ရက်ကလည်း ဖာပွန်ခရိုင်ရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့ရာ BGFဘက်က အရာရှိအပါအဝင် ငါးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းတစ်ရပ်အဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုများနေထိုင်ရာကျေးရွာများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

တပ်မဟာ (၃)၊ မူးမြို့နယ်၊ ရန်မျိုးအောင် ကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်၏ ခလရ(၆၀)မှ မေလ ၂၄ရက်တွင် ဒရုန်းအသုံးပြုပြီး လက်နက်ကြီး ၆လုံး ပစ်ချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ရန်မျိုးအောင်ကျေးရွာသား စောကဘောစေး၏ နေအိမ်ထိမှန်ကာ မီးလောင်ခဲ့ကြောင်းဖော်ပြသည်။

မီးလောင်နေသည့် နေအိမ်ကို ငြှိမ်းသတ်ရန် စစ်ရှောင်နေသည့် ကျေးရွာလူထုကကျေးရွာသို့ ပြန်လာသော်လည်း စစ်ကောင်စီဘက်မှ စနိုက်ပါဖြင့် ချောင်းမြှောင်းပစ်ခတ်ခဲ့၍ ပြန်လည်ထွက် ပြေးခဲ့ရသည်ဟု ထုတ်ပြန်သည်။

အဆိုပါ ရန်မျိုးကျေးအောင်ကျေးရွာတွင် နေအိမ် ၁၄၇လုံးရှိပြီး လူဦးရေ တစ်ထောင်ကျော်ရှိကြောင်း၊ စစ်ကောင်စီတပ်မှ ရန်မျိုးအောင်ကျေးရွာအတွင်းသို့ အဆက်မပြတ်လက်နက်ကြီးပစ်ခတ်မှု နှင့် ကျေးရွာတွင်းသို့ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ် မှုတို့ကြောင့် ၂၀၂၂ ဇွန်လမှစ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ယခုအချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် မေလ ၂၁ရက်ကလည်း မူးမြို့နယ် နောင်ကုန်းကျေးရွာသို့ ဒရုန်းဖြင့် လက်နက်ကြီး လေးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။