Connect with us

Hi, what are you looking for?

သတင်း

လေးတောင်မြို့နယ်တွင် မိုးကြိုးပစ်၍ လူငယ်နှစ်ဦး​သေဆုံး

လေးတောင်မြို့တွင် ဗုဒ္ဓဟူး​နေ့ နေ့လယ် ၁၂ နာရီခန့်က ရုတ်တရက်မိုးခြိမ်းပြီး မိုးကြိုးဆယ်ကြိမ်ထက်မနည်းပစ်ခဲ့ပြီးနောက် အမှတ် ၁ ရပ်ကွက်မှ လူငယ်နှစ်ဦး မိုးကြိုးထိမှန်သေဆုံးခြင်းဟု ဒေသခံများကပြောသည်။

လေးတောင်မြို့နယ်တွင် မိုးကြိုးပစ်၍ လူငယ်နှစ်ဦး​သေဆုံး
လေးတောင်မြို့နယ်တွင် မိုးကြိုးပစ်၍ လူငယ်နှစ်ဦး​သေဆုံး

ရခိုင်ပြည်နယ်၊ လေးတောင်မြို့တွင်ယမန်​နေ့ (​မေ ၃၁)နေ့လယ်က မိုးကြိုးပစ်၍ ၁၆နှစ်အရွယ် လူငယ်နှစ်ဦးသေဆုံးသွားကြောင်း​ဒေသခံများက​ပြောသည်။

လေးတောင်မြို့တွင် ဗုဒ္ဓဟူး​နေ့ နေ့လယ် ၁၂ နာရီခန့်က ရုတ်တရက်မိုးခြိမ်းပြီး မိုးကြိုးဆယ်ကြိမ်ထက်မနည်းပစ်ခဲ့ပြီးနောက် အမှတ် ၁ ရပ်ကွက်မှ လူငယ်နှစ်ဦး မိုးကြိုးထိမှန်သေဆုံးခြင်းဟု ဒေသခံများကပြောသည်။

“ရုတ်တရက်ကြီးဖြစ်တာ။ ကလေးတွေက နှစ်ယောက်စလုံး ခြံထဲမှာ ရှိနေချိန် ဖြစ်တာ။ ဆေးရုံ ပို့တာမရတော့တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၁၆ နှစ်အရွယ် မောင်မြင့်မြတ်အောင်နှင့် အသက် ၁၃ နှစ်အရွယ်မောင်လင်းလင်းထွန်းတို့ဖြစ်သည်ဟု သိရသည်။လေးတောင်မြို့သည် ရမ်းဗြဲမြို့နယ်အတွင်းပါဝင်သော မြို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

မိုးကြိုကာလဖြစ်ပြီး မုတ်သုံမိုးတစ်နိုင်ငံလုံးမ​ရောက်​သေး​သောယခုကာလတွင် မိုးတိမ်​တောင်ရာသီဥတု​ကြောင့် မိုးကြိုးနှင့် လေပြင်းဘေးကို သတိထားရမည့်ကာလဖြစ်သည်။ ပုံမှန်ရာသီဥတုအခြေအနေမဟုတ်ဘဲ ရုတ်တရုတ် မိုးရွာလာပါက ခိုင်ခန့်သော အမိုးအကာများအောက်တွင်သာ နေထိုင်ရန်၊ ကွင်းပြင်နေရာများနှင့် သစ်ပင်ကြီးများအောက်တွင် မနေရန် မိုးကြိုးနှင့်လေပြင်းဘေး သတိပေးချက်များတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၂၄ရက် နံနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မိုးသက်လေပြင်းကျပြီး မိုးကြိုးပစ်ခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့ပြီး နေအိမ်အချို့ ပျက်စီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မိုးရွာထဲ ဘောလုံးကန်နေတုန်း မိုးကြိုးပစ်ချလို့ ဘောလုံးသမားတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။