Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲအနောက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော်လုံခြုံရေးဂိတ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကယန်းပြည်သစ်ပါတီသည် ဆီဘူးတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိနိုင်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထား သည်။

(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့​သော ကယန်းပြည်သစ်တပ်မတော်၏ ဂိတ်စခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - PKPF)
(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့​သော ကယန်းပြည်သစ်တပ်မတော်၏ ဂိတ်စခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - PKPF)

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဇွန် ၁ ရက်)နံနက်ပိုင်းက စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲရတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“မိုးဗြဲ-ပီကင်းလမ်းပေါ်မှာရှိတဲ့ ကယန်းပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)ဂိတ်ကို မနက်လေးနာရီလောက်က ဗုံးကြဲသွားတာ”ဟု မိုးဗြဲအခြေစိုက်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သို့သော် တိုက်ခိုက်မှုကြောင့် KNLA၏ ထိခိုက်မှုကို မသိရသေးပေ။အလားတူ KNLA ဘက်မှ လည်း တရားဝင် သတင်းထုတ်ပြန်မှု မတွေ့ရသေးပေ။

Public Service Announcement

Public Service Announcement

(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့​သော ကယန်းပြည်သစ်တပ်မတော်၏ ဂိတ်စခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - PKPF)
(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့​သော ကယန်းပြည်သစ်တပ်မတော်၏ ဂိတ်စခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ – PKPF)

၂၀၀၉တွင် ပြည်သူ့စစ်အဖြစ်ပြောင်းသည်ဟု ကြေညာခံရသော်လည်း ပြည်သူ့စစ်ပုံစံမျိုး မရပ်တည်ဘဲ ကယန်းပြည်သစ်အနေနှင့်သာ KNLP/KNLA က ရပ်တည်ခဲ့သည်။

လက်ရှိ ကယန်းပြည်သစ်ပါတီ (KNLP)ဥက္ကဋ္ဌမှာ ဦးသန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)အား ဗိုလ်မှူးချုပ် အိုက်နော်ထားကတာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် မြားနို ဖြစ်သည်။

ကယန်းပြည်သစ်ပါတီသည် ဆီဘူးတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိနိုင်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထား သည်။

လက်ရှိအချိန်ထိ ကရင်နီတော်လှန်ရေး အင်အားစုများနှင့် အတိအလင်း ပူးပေါင်းခြင်းမရှိသကဲ့သို့ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခြင်းလည်း မတွေ့ရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။