Connect with us

Hi, what are you looking for?

သတင်း

ဝမ်ပေါင်ကြေးနီးစီမံကိန်း ရဲကင်းဂိတ်အား တစ်ပတ်အတွင်း နှစ်ကြိမ် တိုက်ခိုက်

စီမံကိန်းဝင်းအတွင်းရှိ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပြန်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိဟု ဆိုသည်။

(ဝမ်ပေါင်ကြေးနီစီမံကိန်း ရဲကင်းဂိတ်အား ရဲဘော်များက ပစ်ခတ်တိုက်ခိုက်နေစဥ်)
(ဝမ်ပေါင်ကြေးနီစီမံကိန်း ရဲကင်းဂိတ်အား ရဲဘော်များက ပစ်ခတ်တိုက်ခိုက်နေစဥ်)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ဝမ်ပေါင်ကြေးနီးစီမံကိန်း ရဲကင်းဂိတ်အား တစ်ပတ်အတွင်း နှစ်ကြိမ်မြောက် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နှစ်ဦးသေဆုံးကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော် D.M.S.A အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၃၁ ရက်) ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကြေးနီးစီမံကိန်း ရဲကင်းဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း ဓားမဆိုင်းတပ်မတော် D.M.S.A အဖွဲ့က ဆိုသည်။

စီမံကိန်းဝင်းအတွင်းရှိ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ ငယ်များဖြင့် ပြန်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိဟု ဆိုသည်။

ဓားမဆိုင်းတပ်မတော် D.M.S.Aအဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement
Public Service Announcement

ဓားမဆိုင်းတပ်မတော် D.M.S.A အဖွဲ့သည် ပြီးခဲ့သည့် မေလ ၂၅ ရက်ကလည်း ဝမ်ပေါင်ကြေးနီးစီမံကိန်း ရဲကင်းဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဒုတိယအကြိမ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယနေ့(ဇွန်လ၁ ရက်)တွင် မုံရွာမြို့မှ စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးဆိပ်မှတဆင့် ဝမ်ပေါင်ကြေးနီစီမံကိန်းဘက်သို့ ဝင်ရောက်လာ၍ ကျေးရွာ ငါးရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ ပြေးရတာမနည်းဘူး။ ညနေပိုင်းမှာတော့ မုံရွာဘက်ပြန်ကူးသွားတယ်။” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဓားမဆိုင်းတပ်မတော်သည် မေလ ၃၀ ရက် ညကလည်း ဆားလင်းကြီးမြို့မရဲစခန်းကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

ဆောင်းပါး

လပြည့်ညက စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဒီနေရာဟာ အခုတော့ လူသူမရှိ ငြိမ်သက်နေခဲ့တယ်။ ဒါပေမဲ့ အနံ့အသက်တခုတော့ ဦးဇင်းရခဲ့တယ်။ "ဒီနေ့ထိ သွေးညှိအနံ့တွေ ရနေတုန်း"လို့ ဦးဇင်းက မိန့်တယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးနေတဲ့ ရန်ကုန်မြို့က ဗဟန်းမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။