Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံသို့စစ်​ကြောင်း သုံးကြောင်းဖြင့်ထိုးစစ်ဆင်​သော စစ်​ကောင်စီတပ်နှစ်လအတွင်းအရာရှိများအပါအဝင် ၆၂ဦး​သေ

စစ်တပ်ကအထိနာ​သော​ကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာပစ်ခတ်၊ကျဲချ သည်သာမက ဖယ်ခုံ စကခ(၇) နှင့် ၃၃၆ တပ် မှလက်နက်ကြီး ပစ်ကူများစွာပေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

(ဖယ်ခုံမြို့နယ်တိုက်ပွဲများမှ မေ လ ၂၂ ရက်နှင့် ၃၁ ရက်က စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ဖယ်ခုံPDF)
(ဖယ်ခုံမြို့နယ်တိုက်ပွဲများမှ မေ လ ၂၂ ရက်နှင့် ၃၁ ရက်က စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ဖယ်ခုံPDF)

ဖယ်ခုံမြို့နယ်သို့ စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ် ဆင်လာသော စစ်ကောင်စီတပ်မှနှစ်လအတွင်း အရာရှိ စစ်ကြောင်းမှူးများအပါအဝင် ၆၂ ဦး သေဆုံးကြောင်း ဖယ်ခုံ PDF က ယနေ့ ထုတ်ပြန်သည်။

ဧပြီ ၁ ရက်ကစ၍ ဇွန်လ ၂ ရက်အထိ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများက ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း ရှိလွယ်ဟွဲ နှင့် လွယ်လုံရွာသို့ စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိ နှင့် စက်တော်ရွာဖက်တွင် စစ် ကြောင်းတစ်ကြောင်း နှင့် လတူးဖက် စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲအခြေအနေ ကဆက်ဖြစ်ဖို့ပဲရှိတယ်။ အခုလက်ရှိ စစ်ကောင်စီစစ်ကြောင်း တွေက မူလ ထိုးစစ်ဆင်ဖို့စခဲ့တဲ့နေရာတွေမှာတပ်တည်ထားတုန်းလို့ ပြောလို့ရတယ်”ဟု ဖယ်ခုံ မြို့တိုက်ပွဲ၌ ရှိနေသည့် အလယ်ပိုင်းတိုင်းတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

(ဖယ်ခုံမြို့နယ်တိုက်ပွဲများမှ မေ လ ၂၂ ရက်နှင့် ၃၁ ရက်က စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ဖယ်ခုံPDF)
(ဖယ်ခုံမြို့နယ်တိုက်ပွဲများမှ မေ လ ၂၂ ရက်နှင့် ၃၁ ရက်က စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ဖယ်ခုံPDF)

ထိုသို့ထိုးစစ်ဆင်လာမှုကို ဖယ်ခုံ PDF (တပ်ရင်းအမှတ် – ၁၀၀၂) နှင့်အတူ KNDF ၊ PDF-လွိုင်​ကော် ၊ဒီး​မော့ဆို-PDFs စစ်ကြောင်း၊ ဒီး​မော့ဆို Local-PDFs စစ်ကြောင်း၊ မိုးဗြဲPDF (1001 နှင့် 1007)၊ တပ်ရင်းအမှတ် 1008၊ 1009၊1003၊KRU ၊NPT-PDF တပ်ရင်းများ နှင့် အလယ်ပိုင်းတိုင်း အထူး တပ်ဖွဲ့ တို့စုပေါင်း၍ ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိ၊စစ်ကြောင်းမှူးများအပါအဝင် စုစုပေါင်း၆၂ ဦး သေဆုံး ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းအသိပေးသည်။

စစ်တပ်ကအထိနာ​သော​ကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာပစ်ခတ်၊ကျဲချ သည်သာမက ဖယ်ခုံ စကခ(၇) နှင့် ၃၃၆ တပ် မှလက်နက်ကြီး ပစ်ကူများစွာပေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

နှစ်လ ကျော်တိုက်ပွဲအတွင်းတွင် PDF နှင့် KNDF တို့မှ ရဲဘော်(၃) ဦး ကျဆုံးခဲ့ရပြီး ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။