Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးမြို့ကို ကရင့်ပူးပေါင်းတပ်တွေဝင်တိုက်

စစ်ကောင်စီရဲ့သတင်းတွေကိုဝါဒဖြန့်ပေးနေတဲ့ လူမှုကွန်ရက်တွေမှာတော့ KNU နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးတာလို့ ဖော်ပြတာတွေ့ရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ကို ကရင့်ပူးပေါင်းတပ်တွေဝင်တိုက်
ကြာအင်းဆိပ်ကြီးမြို့ကို ကရင့်ပူးပေါင်းတပ်တွေဝင်တိုက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင့်ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးအရပ်သားထိခိုက်မှုရှိတယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

ကြာအင်းဆိပ်ကြီးမှာအခြေစိုက်တဲ့ ခြေလျင်တပ်ရင်းဌာနချုပ်ကို မနေ့ညသန်းခေါင်ယံကစတင်ပြီး မနက်ပိုင်းအထိ ကရင့်ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးချကာ ကနဦး တိုက်ခိုက်ပါတယ်။

အဲဒီနောက်မနက်ပိုင်း ၅ နာရီခန့်မှာတော့ မြို့ပေါ်က ခရိုင်ရဲတပ်ဖွဲ့ရုံး နဲ့ဌာနဆိုင်ရာ ရုံးတွေကို ကရင့်ပူးပေါင်းတပ်တွေ ဝင်တိုက်တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ အသုံးပြုခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ၂ ဖက်အပြန်အလှန်စွပ်စွဲထားကြတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီး ကျည်ကြောင့် မြို့ပေါ် ကဘုန်းကြီးကျောင်းနဲ့လူနေအိမ်ခြေအချို့ ထိခိုက်ပျက်စီးသလို သံဃာ၁ ပါးနဲ့ အရပ်သား ၄ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။

စစ်ကောင်စီရဲ့သတင်းတွေကိုဝါဒဖြန့်ပေးနေတဲ့ လူမှုကွန်ရက်တွေမှာတော့ KNU နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးတာလို့ ဖော်ပြတာတွေ့ရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ကို တော်လှန်ရေးအင်အားစုတွေ ဝင်တိုက်တာဟာ ဒီနှစ်ထဲမှာ ၂ ကြိမ်မြောက်ရှိပါပြီ။

ပထမအကြိမ်ကတော့ နှစ်ဆန်းပိုင်း ဇန်နဝါရီလအတွင်းမှာ KNU နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်တိုက်ခဲ့တာပါ။

ကြာအင်းဆိပ်ကြီးမြို့ဟာ KNU တပ်မဟာ (၆) နယ်မြေထဲမှာရှိပါတယ်။