Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး အသတ်ခံရ

ဖမ်းဆီးခံထားရသော ကိုဗန့်ဂျီကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့စစ်ကြောရေးသို့ ပို့ဆောင်ရန် လာရောက်ခေါ်ဆောင်သွားပြီး ရိုက်နှက်နှိပ်စက်မှုများကြောင့် ကိုဗန့်ဂျီ၏ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ဆားလင်းကြီး(ပအဖ)က ဆိုသည်။

(အာဏာသိမ်းကာလအစောပိုင်းက မုံရွာမြို့ပေါ်တွင် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးနေသည့် စစ်ကောင်စီတပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(အာဏာသိမ်းကာလအစောပိုင်းက မုံရွာမြို့ပေါ်တွင် ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးနေသည့် စစ်ကောင်စီတပ်အား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

▪️ဆားလင်းကြီး(ပအဖ)အဖွဲ့ဝင်တစ်ဦး အပါအဝင် ရဲဘော်သုံးဦး ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရပြီး ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအပါအဝင် သုံးဦး ဖမ်းဆီးခံထားရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဇွန်လ ၃ ရက်) မွန်းလွဲပိုင်းက မုံရွာမြို့နယ်၊ ခင်မွန်ဘက်စုံခြံ ခမရ(၇၀၄)မှ စစ်ကောင်စီတပ်နှင့် တောပုကျေးရွာမှ ပျူစောထီးများသည် နဂါးတွင်းကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်းခဲ့ကြောင်း၊ ထိုအချိန်တွင် ဒဿ PDF ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဒဿက စစ်ကူသွားရောက်ရာမှ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးကာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်း PDF ရဲဘော်များက ပြောသည်။

ဗိုလ်ဒဿကျဆုံးသွားခြင်းမှာ ဟုတ်မှန်ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရင်းမှူးတစ်ဦးက အတည်ပြုသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ၃၁ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချူပ်ရေးအဖွဲ့မှ လျှပ်စစ်အဖွဲ့ဝင် ကိုဗန့်ဂျီကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ဆားလင်းကြီး(ပအဖ)က ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံထားရသော ကိုဗန့်ဂျီကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့စစ်ကြောရေးသို့ ပို့ဆောင်ရန် လာရောက်ခေါ်ဆောင်သွားပြီး ရိုက်နှက်နှိပ်စက်မှုများကြောင့် ကိုဗန့်ဂျီ၏ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ဆားလင်းကြီး(ပအဖ)က ဆိုသည်။

Public Service Announcement
Public Service Announcement

“ကိုဗန့်ဂျီက ကင်းထောက်သွားရာကနေ အဖမ်းခံလိုက်ရတာပါ။”ဟု ဆားလင်းကြီး(ပအဖ)အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကိုဗန့်ဂျီအား လာရောက်ဖမ်းဆီးစဉ် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၂၈ရက်ကလည်း မုံရွာမြို့၊ တရုတ်တန်းရှိ ဆေးခန်းတစ်ခုတွင် ဆေးလာကုသည့် Monywa Underground Force က UG ရဲဘော် နှစ်ဦး ဖမ်းဆီးခံလိုက်ရကြောင်း၊ ထို့နောက် ၎င်းတို့၏ထွက်ဆိုချက်အရ ဆက်စပ်ပါဝင်ပတ်သက်နေသူများအား လိုက်လံဖမ်းဆီးရာ ဒေသခံပြည်သူ ၁၀ဦးခန့်ဖမ်းဆီးခံလိုက်ရကြောင်း ဒေသတွင်း PDF အဖွဲ့များက ပြောသည်။

မုံရွာမြို့သည် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရုံးစိုက်ရာဒေသဖြစ်ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုများက ခုခံတိုက်ခိုက်နေ၍ စစ်အုပ်စုကလည်း ဖမ်းဆီးစစ်ဆေးမှုများ နေ့စဥ်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။