Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်တွင် ကြားကာလပညာရေးဦးဆောင်နေသည့် ဘုန်းကြီးကျောင်းနှင့် စာသင်ဆောင်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဇွန်လ ၃ ရက်က ဝက်လက်မြို့နယ်၊နဘဲပင်လှကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၁၀၀ကျော်၊ ဘုန်းကြီးကျောင်းဆောင် နှစ်ဆောင်နှင့် စာသင်ဆောင်တစ် ခုအား မီးရှို့ဖျက်ဆီးခဲ့သည်။

(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၏ ကြားကာလပညာရေးအတွက် ဦးဆောင်နေသော နဘဲပင်လှကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ဆောင်များအား စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီက ပြောသည်။

ဇွန်လ ၃ ရက်က ဝက်လက်မြို့နယ်၊နဘဲပင်လှကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၁၀၀ကျော်၊ ဘုန်းကြီးကျောင်းဆောင် နှစ်ဆောင်နှင့် စာသင်ဆောင်တစ် ခုအား မီးရှို့ဖျက်ဆီးခဲ့သည်။

(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)
(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)

နဘဲပင်လှကျေးရွာမှာ ကြားကာလပညာရေးအတွက် စတင်လှုပ်ရှားခဲ့သည့်နေရာဖြစ်ပြီး ယခုအချိန်အထိ ပညာရေးဆက်လက်‌အားကောင်းနေသော နေရာဖြစ်ကြောင်း၊ ပညာရေးအတွက် အသုံးပြုနေသော ‌ဘုန်းကြီးကျောင်းများ၊စာသင်ဆောင် များအားလုံးကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဒေသခံပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)
(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)

“အသက် ၂၃နှစ်အရွယ် လူငယ်အမျိုးသား တစ်ဦးကို ခေါင်းဖြတ်ပစ်သတ်မီးရှို့ခဲ့တယ်။အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးကိုတော့ သေနတ်နဲ့ ပေါင်ကိုပစ်ခဲ့တယ်။”ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ထွက်ပြေးပုန်းရှောင်နေရသော ဒေသခံပြည်သူများအတွက် အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)
(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)

ယမန်နေ့ (ဇွန်လ ၄ ရက်)တွင် ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ စစ်ကိုင်း-ကျောက်မြောင်း ခရိုင်ချင်းဆက် လမ်းပိုင်းအား အသုံးမပြုကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။