Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် ကြားကာလပညာရေးဦးဆောင်နေသည့် ဘုန်းကြီးကျောင်းနှင့် စာသင်ဆောင်များအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ဇွန်လ ၃ ရက်က ဝက်လက်မြို့နယ်၊နဘဲပင်လှကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၁၀၀ကျော်၊ ဘုန်းကြီးကျောင်းဆောင် နှစ်ဆောင်နှင့် စာသင်ဆောင်တစ် ခုအား မီးရှို့ဖျက်ဆီးခဲ့သည်။

(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၏ ကြားကာလပညာရေးအတွက် ဦးဆောင်နေသော နဘဲပင်လှကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ဆောင်များအား စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီက ပြောသည်။

ဇွန်လ ၃ ရက်က ဝက်လက်မြို့နယ်၊နဘဲပင်လှကျေးရွာအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၁၀၀ကျော်၊ ဘုန်းကြီးကျောင်းဆောင် နှစ်ဆောင်နှင့် စာသင်ဆောင်တစ် ခုအား မီးရှို့ဖျက်ဆီးခဲ့သည်။

(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)
(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)

နဘဲပင်လှကျေးရွာမှာ ကြားကာလပညာရေးအတွက် စတင်လှုပ်ရှားခဲ့သည့်နေရာဖြစ်ပြီး ယခုအချိန်အထိ ပညာရေးဆက်လက်‌အားကောင်းနေသော နေရာဖြစ်ကြောင်း၊ ပညာရေးအတွက် အသုံးပြုနေသော ‌ဘုန်းကြီးကျောင်းများ၊စာသင်ဆောင် များအားလုံးကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဒေသခံပြည်သူတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)
(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)

“အသက် ၂၃နှစ်အရွယ် လူငယ်အမျိုးသား တစ်ဦးကို ခေါင်းဖြတ်ပစ်သတ်မီးရှို့ခဲ့တယ်။အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးကိုတော့ သေနတ်နဲ့ ပေါင်ကိုပစ်ခဲ့တယ်။”ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ထွက်ပြေးပုန်းရှောင်နေရသော ဒေသခံပြည်သူများအတွက် အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)
(နဘဲပင်လှရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင် ဆောင်များအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ဝက်လက်မြို့နယ်လူထုသပိတ်‌တိုက်ပွဲကော်မတီ)

ယမန်နေ့ (ဇွန်လ ၄ ရက်)တွင် ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ စစ်ကိုင်း-ကျောက်မြောင်း ခရိုင်ချင်းဆက် လမ်းပိုင်းအား အသုံးမပြုကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။