Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖောင်းပြင်တွင် စစ်ကောင်စီနှင့် ရှမ်းနီပူးပေါင်းတပ်ကို PDF တိုက်ခိုက်

စစ်ကောင်စီနှင့် ရှမ်းနီ ခန့်မှန်းအင်အား ၂၀၀ ခန့်သည် ဇွန်လ ၂ရက်က ဖောင်းပြင်မြို့နယ်၊ စန္ဒားအုပ်စု၊ စက်တောကျေးရွာအား စစ်ကြောင်းထိုးလာရာ ရန်သူ့စစ်ကြောင်းကို ဝိုင်းရံပိတ်ဆို့ ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

(ဟုမ္မလင်း PDFမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - HPDF)
(ဟုမ္မလင်း PDFမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - HPDF)

▪️အထိနာသည့် စစ်ကော်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီနှင့် ရှမ်းနီပူးပေါင်းတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း ဟုမ္မလင်း PDFက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခလရ (၂၇၂) ခလရ (၂၂၂) ခမရ (၃၇၀) နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ (၈၉၁)၊ တပ်မဟာ (၇၅၃) ပူးပေါင်းစစ်ကြောင်းကို ဖောင်းပြင်-ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း နှင့် ဖောင်းပြင် (ပ.က.ဖ)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီနှင့် ရှမ်းနီ ခန့်မှန်းအင်အား ၂၀၀ ခန့်သည် ဇွန်လ ၂ရက်က ဖောင်းပြင်မြို့နယ်၊ စန္ဒားအုပ်စု၊ စက်တောကျေးရွာအား စစ်ကြောင်းထိုးလာရာ ရန်သူ့စစ်ကြောင်းကို ဝိုင်းရံပိတ်ဆို့ ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲပြင်းထန်ခဲ့ရာ ဇွန်လ ၃ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် အသုံးပြု၍ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ အထိနာသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ (ဇွန်လ ၄ရက်)တွင် ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာသို့ ဆုတ်ခွာသွားကြောင်း ဟုမ္မလင်း PDFကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင် အချို့နှင့် ဟုမ္မလင်း PDF ထံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။