Connect with us

Hi, what are you looking for?

သတင်း

အခွန်ဦးစီးမှူးရုံးတိုက်ခိုက်ခဲ့သည့်အဖွဲ့က ညပိုင်းတွင် အရှေ့ဒဂုံရှိ ပြည်ခိုင်ဖြိုးရုံးထပ်မံ ဖောက်ခွဲတိုက်ခိုက်

“Brave Eagles က အရင်က ရန်ကုန်ကစွန့်ခွာပြီး အခု ရန်ကုန်ပြန်ရောက်လာပါပြီ။ ထပ်ပြီးထပ်ပြီး လုံခြုံစွာနဲ့ အရှိန်မြင့်တင်တော့မှာပါ။ ပြည်သူတွေ ကူပေးကြပါဗျာ”ဟု အထက်ပါ တာဝန်ရှိသူက ပြည်သူများကို တောင်းဆိုသည်။

(ရွေးကောက်ပွဲမဲဆွယ်ကာလတွင်တွေ့ရသော ပြည်ခိုင်ဖြိုးပါတီဝင်များ။ ဓာတ်ပုံ - GETTY IMAGES)
(ရွေးကောက်ပွဲမဲဆွယ်ကာလတွင်တွေ့ရသော ပြည်ခိုင်ဖြိုးပါတီဝင်များ။ ဓာတ်ပုံ - GETTY IMAGES)

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရှိ ပြည်တွင်းအခွန်ဦးစီးမှူးရုံး တိုက်ခိုက်ခဲ့သည့် Brave Eagles (UG)အဖွဲ့က ည‌ပိုင်းတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအား ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူက အတည်ပြုသည်။

ယင်းအဖွဲ့က ယနေ့(‌ဇွန်လ ၅ရက်) နံနက်တွင် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းပေါ်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံးအား ချိန်ကိုက်ဗုံးအသုံးပြု မစ်ရှင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုတွင် Non CDM ဒုဦးစီးမှူး၊ Non CDM ဝန်ထမ်း သုံးဦးနှင့် အခွန်ဆောင်သည့် ပြည်သူနှစ်ဦး ထိခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

“Non CDM အတွက်ကတော့ ဒီနေ့ဖြစ်စဥ်လိုမျိုးနောက်ထပ်မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ပါဘူး

သတိကြီးကြီးနဲ့ ရုံးတက်ကြပေါ့လို ပြောချင်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ည ၇နာရီခန့်က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးအား အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“မြို့နယ်အတွင်းမှာ ပျူစောထီးတွေ၊ ဒလန်တွေထဲမှာက ကြံဖွတ်အများစုပါဝင်ပတ်သတ်နေလို့ လာတိုင်ထားလို့ သတိပေးလိုက်တဲ့သဘောပါ။မကြာခင် စစ်ရေးအရှိန်မြင့်လာမှာပါ ဒလန်တွေ၊ပျုတွေ အလှည့်ပေါ့” ဟု ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါမစ်ရှင် နှစ်ခုစလုံးကို စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တယားလည်ပတ်မှု ထောက်တိုင်အနေဖြင့် သတ်မှတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brave Eagles က ထုတ်ပြန်ထားသည်။

“Brave Eagles က အရင်က ရန်ကုန်ကစွန့်ခွာပြီး အခု ရန်ကုန်ပြန်ရောက်လာပါပြီ။ ထပ်ပြီးထပ်ပြီး လုံခြုံစွာနဲ့ အရှိန်မြင့်တင်တော့မှာပါ။ ပြည်သူတွေ ကူပေးကြပါဗျာ”ဟု အထက်ပါ တာဝန်ရှိသူက ပြည်သူများကို တောင်းဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ ထောက်တိုင်အဖွဲ့အစည်းများနှင့် အဆောက်အဦးများအနီးသို့ ဖြတ်သန်းသွားလာခြင်းမပြုဘဲ ဝေးဝေးမှ ဂရုစိုက်ရှောင်ရှားသွားရန် ယင်းအဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။