Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကို စစ်ကောင်စီခေါင်းဆောင်ရောက်နေချိန် စစ်ကိုင်းဘက်ခြမ်းမှာတပ်ဖြန့်ထား

မန္တလေးနဲ့စစ်ကိုင်းဟာ ဧရာဝတီမြစ်ခြားထားတာဖြစ်ပြီး စစ်ကိုင်းဘက်ခြမ်း ၊ မင်းကွန်းဒေသ မှာ စစ်ကြောင်းဖြန့်ထားတာလို့သိရပါတယ်။

မန္တလေးကို စစ်ကောင်စီခေါင်းဆောင်ရောက်နေချိန် စစ်ကိုင်းဘက်ခြမ်းမှာတပ်ဖြန့်ထား
မန္တလေးကို စစ်ကောင်စီခေါင်းဆောင်ရောက်နေချိန် စစ်ကိုင်းဘက်ခြမ်းမှာတပ်ဖြန့်ထား

ဒီနေ့ညနေပိုင်းမှာကျင်းပမယ့် ဗန်းမော်ဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိဈာပန တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် မန္တလေး ရောက်ရှိနေချိန်မှာ စစ်ကိုင်းဘက်ခြမ်း စစ်ကြောင်းဖြန့်ကာ လုံခြုံရေးပိတ်ဆို့ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးနဲ့စစ်ကိုင်းဟာ ဧရာဝတီမြစ်ခြားထားတာဖြစ်ပြီး စစ်ကိုင်းဘက်ခြမ်း ၊ မင်းကွန်းဒေသ မှာ စစ်ကြောင်းဖြန့်ထားတာလို့သိရပါတယ်။

မင်းကွန်းဒေသ ၊ မင်းဝံတောင်ကြော အနောက်ဖက်ခြမ်းက ကန်ကြီးကုန်း ၊ကျောက်ပနံ၊ရွာသစ်စတဲ့ ရွာတွေ အပါအဝင် ရှိန်းမကား ဘက်မှာလည်း တပ်အင်အားချထားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ဧရာဝတီမြစ်ထဲမှာလည်း ရေတပ် သင်္ဘော ၂ စီးနဲ့ မြစ်တွင်းကင်းလှည့်နေတာရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒီရက်ပိုင်းအတွင်း မန္တလေးမြို့တွင်းမှာလည်း စစ်ကောင်စီတပ်က လုံခြုံရေး တင်းကြပ်ထားသလို ဧည့်စာရင်းစစ်ဆေးတာတွေကိုလည်းလုပ်ဆောင်နေပါတယ်။

ဗန်းမော်ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ဒီနေ့ညနေပိုင်း ၃ နာရီမှာ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းနေရာမှာ ဆောက်လုပ်ထားတဲ့ လောင်တိုက်ပြဿဒ်မှာ တေဇောဓာတ်ပူဇော်မှာဖြစ်ပြီး အရိုးပြာကို ဧရာဝတီမြစ်ထဲမျှောမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။