Connect with us

Hi, what are you looking for?

သတင်း

ရွှေတစ်ကျပ်သား ၃၁သိန်းကျော်လာ

ပြင်ပ​​ဈေးကွက်တွင်ရွှေဈေးမြင့်တက်လာသော်လည်းရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကမူ ရွှေတစ်ကျပ်သားကို ကျပ် ၂၃ သိန်းသတ်မှတ်ထားသည်။

ရွှေတစ်ကျပ်သား ၃၁သိန်းကျော်လာ
ရွှေတစ်ကျပ်သား ၃၁သိန်းကျော်လာ

ပြည်တွင်းရွှေ​ဈေးတစ်ကျပ်သားလျင်ကျပ် ၃၁သိန်းကျော်အထိယ​နေ့ မြင့်တက်လာကြောင်းပြည်တွင်းရွှေဈေးကွက်အတွင်းမှစုံစမ်းသိရသည်။

ဒေါ်လာဈေးမြင့်တက်လာခြင်းနှင့်မိုးတွင်းကာလရွှေထွက်လျော့နည်းလာခြင်းကြောင့် ယခုကဲ့သို့မြင့်တက်လာခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

ဇွန်၉ရက်တွင် အခေါက်ရွှေတစ်ကျပ်သားကိုကျပ် ၃၁သိန်း​ကျော်( ၃,၁၁၀,၀၀၀ )အထိမြင့်တက်လာပြီး ထိုဈေးနှုန်းသည် လေးရက်အတွင်း ကျပ် ​ခြောက်သောင်းကျော်မြင့်တက်လာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များက ​ပြောသည်။ ဇွန် ၅ ရက်က အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၃,၀၅၀,၀၀၀ ပေါက်ဈေးရှိခဲ့သည်။

“တစ်ကျပ်သားကို ကျပ် ၃၅ သိန်းအထိ ပြန်တက်မယ်လို့ ခန့်မှန်းနေကြတယ်၊”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒေါ်လာဈေးမှာ ဇွန် ၅ ရက် တစ်ဒေါ်လာကိုကျပ် ၂၉၂၅ကျပ်ရှိပြီး ယနေ့(ဇွန် ၉ ရက်)တွင် တစ်ဒေါ်လာလျင် ကျပ် ၂၉၇၀ အထိမြင့်တက်လာသည်။

ထိုသို့ ရွှေဈေးများ မြင့်တက်လာသော်လည်း ရွှေဆိုင်များက စစ်ကောင်စီရောင်းခိုင်းသည့်တစ်ကျပ်သားကို ၂၉ သိန်းဖြင့်သာ ပြန်လည်ဝယ်ယူနေသည်ဟု ရွှေအရောင်းအဝယ်သမားကပြောသည်။

“ရွှေဈေးတက်ပေ့မယ် သူတို့ (ရွှေဆိုင်)ရောင်းရင် ၃၁ သိန်း၊ သူတို့ဆီကိုရောင်းရင် ၂၉ သိန်းပဲပေးတယ်”ဟု ရွှေအရောင်းအဝယ်သမားတစ်ဦးကပြောသည်။

ပြင်ပ​​ဈေးကွက်တွင်ရွှေဈေးမြင့်တက်လာသော်လည်းရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကမူ ရွှေတစ်ကျပ်သားကို ကျပ် ၂၃ သိန်းသတ်မှတ်ထားသည်။

စစ်တပ်ကသိမ်းယူပြီးနောက်ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းခဲ့ပြီး ဒေါ်လာဈေးနှင့် ရွှေဈေးမြင့်တက်လာသည်။ စစ်တပ်အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာလျင် ကျပ် ၁,၃၃၅ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျင် ၁၃သိန်း​ကျော်( ၁,၃၁၆,၀၀၀ )ကျပ်သာ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ပြည်တွင်းရွှေစျေးမှာ တစ်ကျပ်သား ကျပ်၈၆ သိန်းကျော်လာပြီလို့ ရွှေ၊ငွေ အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးစံချိန်တင်ဆက်မြင့်တက်နေပြီးပြည်တွင်းရွှေဈေးတကျပ်သားကျပ်သိန်း ၈၀ ကျော်လာနေတယ်လို့ရွှေနှင့်ငွေဈေးကွက်အရောင်း အဝယ်လုပ်နေသူတွေက ပြောပါတယ်။