Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ် ညောင်ပင်ကြီးရွာရဲစခန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ စီးနင်းတိုက်ခိုက်

စစ်ကောင်စီတပ်သည် ညနေ ၆နာရီခန်တွင် Mi-35ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ချင်းတွင်းမြစ်အတွင်း သံခွန်​ရေယာဥ်များပေါ်မှ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

(ညောင်ပင်ကြီးကျေးရွာရဲစခန်း၌ တိုက်ပွဲဖြစ်ပွားနေသည်ကို အဝေးမှမြင်တွေ့ရစဥ်နှင့် စစ်တပ်ရဟတ်ယာဥ်တစ်စီး။ဓာတ်ပုံ-Aung Khant Zaw)
(ညောင်ပင်ကြီးကျေးရွာရဲစခန်း၌ တိုက်ပွဲဖြစ်ပွားနေသည်ကို အဝေးမှမြင်တွေ့ရစဥ်နှင့် စစ်တပ်ရဟတ်ယာဥ်တစ်စီး။ဓာတ်ပုံ-Aung Khant Zaw)

▪️စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ညနေပိုင်းတွင် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

“စခန်းက သူတို့ သေချာအထိုင်ချထားတာ။ ဗုံးခိုကျင်းတွေရော၊ ကတုပ်ကျင်းတွေရော အကုန်ရှိတယ်။ ဒီညနေ ဝင်တိုက်တာ။ ကိုယ့်ဘက်ကလည်း မြိုင်တယ်။ စစ်တပ်ကလည်း အထိနာတော့ လေကြောင်းရော၊ လက်နက်ကြီးပါပစ်တယ်”ဟု ဆားလင်းကြီးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ယနေ့(ဇွန်လ ၉ရက်) ညနေ ၄နာရီခန့်က စတင်ခဲ့ခြင်းဟု သိရသည်။

“စခန်းကို အကြိမ်ကြိမ်တိုက်ဖူးတယ်။ အခုကတော့ အဖွဲ့စုံက စီးတိုက်တာ။ စခန်းကို အပြီးသတ်မသိမ်းနိုင်ပေမယ့် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရတယ်”ဟု အထက်ပါထောက်ပို့ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ညနေ ၆နာရီခန်တွင် Mi-35ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ချင်းတွင်းမြစ်အတွင်း သံခွန်​ရေယာဥ်များပေါ်မှ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

(ညောင်ပင်ကြီးကျေးရွာရဲစခန်း၌ တိုက်ပွဲဖြစ်ပွားနေသည်ကို အဝေးမှမြင်တွေ့ရစဥ်နှင့် စစ်တပ်ရဟတ်ယာဥ်တစ်စီး။ဓာတ်ပုံ-Aung Khant Zaw)
(ညောင်ပင်ကြီးကျေးရွာရဲစခန်း၌ တိုက်ပွဲဖြစ်ပွားနေသည်ကို အဝေးမှမြင်တွေ့ရစဥ်နှင့် စစ်တပ်ရဟတ်ယာဥ်တစ်စီး။ဓာတ်ပုံ-Aung Khant Zaw)

” စစ်‌တပ်က လေကြောင်းကနေ မဲမဲမြင်ရာ ပစ်နေတာ အရပ်သားတွေ ပြေးကြ လွှားကြနဲ့ လူတွေလည်း ကွဲကုန်တယ်။ မြေကြီးပေါ် ဝပ်နေကြတာလည်း တွေ့တယ်။ ကျွန်မတို့လည်း ပြေးကြရတာ”ဟု ဆားလင်းကြီးမြို့အခြေစိုက် အညာပစ်တိုင်းထောင်လေးများအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆားလင်းကြီးနှင့် မုံရွာမြို့သည် ချင်းတွင်းမြစ်ခြားလျက်တည်ရှိပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မြစ်ကမ်းဘေးရွာများမှ ဒေသခံများသည် ယနေ့ ည ၉နာရီခန့်အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်း‌ရှောင် နေကြရကြောင်း သတင်းရရှိသည်။ မုံရွာမြို့ကမ်းနားလမ်းတစ်​လျှောက်ရှိ ရပ်ကွက်မှပြည်သူများမှာလည်း လက်နက်ကြီးကျမည်စိုး၍ ထွက်​ပြေးတိမ်း​ရှောင်​နေရ​ကြောင်း​ဒေသခံများက​ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က မုံရွာမြို့ဆိပ်ကမ်းဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ​ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ညောင်ပင်ကြီးကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေရပြီး မုံရွာဘက်ခြမ်း ကမ်းနားလမ်းရပ်ကွက်များနေ ပြည်သူများမှာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“​ခေါင်းတည့်တည့်ကနေ ပစ်ခံရတယ်ကို ထင်နေတာ။ ရဟတ်ယာဉ်က ငါးခါလောက်ပျံတာ”ဟု မုံရွာမြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးထန်းတောကိုပါ မီးရှို့နေပြီး ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့်ပါ ညပိုင်းအထိ ပစ်ကူတိုက်ခိုက်နေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုကို မသိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ကနဦးကြားသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာလာပမြို့နယ် ရွှေပေါက္ကံနယ်မြေရဲစခန်းက ရဲတွေကင်းပတ်ဖို့ထွက်လာတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒရုန်းဗုံးထိမှန်ပြီး ဒဏ်ရာရခဲ့တဲ့ ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ်တစ်ဦး သေဆုံးတယ်လို့ ဂန့်ဂေါမြို့နယ်သတင်းရင်းမြစ်အချို့က ပြောပါတယ်။